955---958

156 16 0
                                    

အခန်း (၉၅၅)(စာစဉ် ၆၉- အပိုင်း၃)

“မသုံးမကျသည့်သား”

‘အချစ်နှင့် စစ်တွင် မတရားတာ မရှိ’
ထိုစကားအတိုင်း အချစ်ကြောင့် ဖြစ်တည်ခဲ့သည့် ထိုတိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

ရဲရှောင်၊ ဟန်ပိုင်ယွဲ့နှင့် လိဝူလျန်တို့ ၃ဦးမှာ အတူ တကွ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ဖြင့် ဝုဟူရှန်မှာ ထိပ်သီးပညာရှင်ကြီး ၃ဦး၏ ဖမ်းဆီးမှုကို ခံရပြီး ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် ဟန်ပိုင်ယွဲ့မှ စိတ်လျှော့ ကာ ဝုဟူရှန်ကို ပြန်လွှတ်ပေးလိုက်သည်။

ထိုအကြောင်းများကိုမူ ၎င်းတို့မှလွဲ၍ အခြားသော လူများ မသိခဲ့ကြပေ။

ဝုဟူရှန်လည်း ပြန်သွားပြီးနောက် နင်ပင်းဂျာနှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

ဤအရာမှာ ဆူးခင်းလမ်း အပြည့်ဖြင့်ပင် ဖြစ်ခဲ့ရ သည့် အချစ်ဇာတ်လမ်း တစ်ပုဒ်ပင် ဖြစ်သည်။

ဝုဟူရှန်အဖို့ အလိုချင်ဆုံး အမျိုးသမီးကို ရယူနိုင်ခဲ့ သည့်တိုင် စော်ကားခံခဲ့ရမှုများကို တစ်သက် မမေ့နိုင် ဖြစ်ခဲ့ရသည်။

ဟန်ပိုင်ယွဲ့ဘက်မှ အရိုးသားဆုံး နေခဲ့သော်လည်း ဝုဟူရှန်၏ မုန်းတီးခြင်းကိုသာ အချိန်ပြည့် ခံခဲ့ရသည်။

ထို့ပြင် ဝုဟူရှန်ကို သူ အလွတ်ပေးခဲ့သော်လည်း သူ့ကိုမူ ဝုဟူရှန်မှ အလွတ်မပေးခဲ့ချေ။

ထိုသို့ဖြင့် အခြေအနေများမှာ ပြောင်းလဲ၍ မရနိုင် အောင်ပင် ဖြစ်ခဲ့ရတော့သည်။

နောက်ပိုင်းတွင် ဟန်ပိုင်ယွဲ့ဘက်မှ ဝုဟူရှန်အား အခဲမကျေနိုင်သကဲ့သို့ ဝုဟူရှန်ဘက်မှလည်း အကြီး မားဆုံး ရန်သူအဖြစ် သတ်မှတ်ခဲ့သည်။

ထိုအချိန် ဂိုဏ်းသုံးခုမှ ရဲရှောင်နှင့် လိဝူလျန်တို့ကို သတ်ဖြတ်ခဲ့၍ ဟန်ပိုင်ယွဲ့မှာ ဝုဟူရှန်အပေါ် ပို၍ မုန်းတီး နာကျည်းသွားတော့သည်။

ထို့ပြင် ဝုဟူရှန်ကိုလည်း ယခင်က မသတ်ဘဲ လွှတ်ပေးမိ၍ သူ့ကိုယ်သူ နောင်တရမိသွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now