အခန်း (၁၀၅၅)"ကောင်းကင်တံခါး မုဒ်ဝ ပွင့်နေပြီ"

127 14 1
                                    

အခန်း (၁၀၅၅)(စာစဉ် ၇၆- အပိုင်း ၅)

“ကောင်းကင်တံခါး မုဒ်ဝ ပွင့်နေပြီ”

“နေလိုက်တော့ နေလိုက်တော့ . . .”

“မင်းက ငါ့ကို ညီအစ်ကိုလို့ တကယ်ပဲ အသိမှတ် ပြုနေလို့လား . . .”

ဝံပုလွေက အပြစ်မရှိ အပြစ်ရှာကာ ပြောလိုက်၏။

“ဒီမှာကြည့် မင်းသာ ဒီမှာနေမယ်ဆိုရင် ငါမင်းကို အဖေလို့ ခေါ်ဆိုလည်း ခေါ်ပါ့မယ်ကွာ . . .”

သူပြောသည့်အတိုင်းသာ လုပ်ပေးပါက ဘာမဆို လုပ်ပေးရန် အသင့်ရှိနေသည့် ဂျိမိုပါပင်။

ထို့ပြင် ဝံပုလွေ၏ လက်ကို မလွှတ်တမ်း ကိုင်ဆွဲ ထားသည့်ပုံက ကောင်းကင်ကြီး ပြိုကျလျှင်ပင် လွှတ် ပေးမည့် ပုံမျိုးလည်း မရှိသည့် ဟန်ပင်။

ဝံပုလွေမှာမူ ထွက်မသွားနိုင်တော့မည်ကို စိုးရိမ် နေမိသောကြောင့် ဒေါသတကြီးဖြင့် -

“ငါသွားတော့မယ် လွှတ် လွှတ် . . .”

“ဟင့်အင်း မရဘူး မရဘူး မလွှတ်ဘူး . . .”

လက်ကို ဆွဲလျက်မိသား ဖြစ်နေသည့် ဂျိမိုအဖို့ မည်သည့်နည်းဖြင့် ပြန်လွှတ်ပေးနိုင်ပါမည်နည်း။

“ငါမင်းနဲ့ မလိုက်ဘူး ငါ့လက်ကိုလွှတ် . . .”

“မရဘူး လိုက်ကို လိုက်ရမယ် . . .”

“ငါမင်းရဲ့ မိန်းမနဲ့ မတွေ့ချင်ဘူး သူက ငါ့ကိုရိုက် လိမ့်မယ်ကွ . . .”

“ငါ့ကောင်ရာ လွှတ်ပါကွာ . . .”

ဝံပုလွေက တောင်ပန်းတိုးလျှိုးသည့် အသံမျိုးဖြင့် ပြောလိုက်၏။

“မင်းက ငါ့ရဲ့ တကယ့်ကို ညီအစ်ကို အစစ်အမှန်ပါ ပဲ၊ ကျေးဇူးပြုပြီး ငါ့ဘဝကို သနားပါ . . .”

“ငါ့ကောင်ရာ အခု မင်းတစ်ယောက်ပဲ ငါ့အနားမှာ ကျန်တော့တယ်၊ မင်းသာ ငါနဲ့ လိုက်လာမယ်ဆိုရင် မင်းကို ငါ့ရဲ့ အစ်ကိုကြီးအဖြစ် သတ်မှတ်ပါ့မယ် . . .”

“လုပ်ပါကွာ ငါ့ရဲ့အစ်ကိုကြီးရာ ငါ့ကို ကူညီစမ်းပါ ဦး၊ ငါ့ကို ကူညီမယ်မလား . . .”

ဂျိမိုက ငိုသံပါကြီးဖြင့် ပြန်ပြောဆိုလိုက်သည်။

ဝံပုလွေ၏ မျက်နှာ ဖြူရော်ရော် ဖြစ်သွားသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now