1039---1040

135 13 1
                                    

အခန်း (၁၀၃၉)(စာစဉ် ၇၅- အပိုင်း ၃)

“ဆရာ ရှန်ဂျိ”

“ပထမအလွှာ သုံးခုက လူသားတွေရဲ့ အကျိုး စီးပွားအတွက် စီရင်ထားတာ . . .”

“အလွှာသုံးလွှာပြီးလို့ လေးလွှာမြောက်ကို တက် နိုင်တဲ့ ဘယ်သူမဆို လက်ဗွေရာ စမ်းဆေးမှုကို ခံယူရ တယ် . . .”

“အဲဒီလို စစ်ဆေးပြီး ကျရှုံးခဲ့ရင် ချက်ချင်းပဲ အဝေး ကို ပစ်ပယ်ခြင်း ခံရမယ် . . .”

“အဲဒါပြီးရင်တော့ တောင်ကြီးလည်း ဒီကမ္ဘာကြီး ပေါ်ကနေ နောက်တစ်ကြိမ် ပျောက်ကွယ်သွားရမယ်”

“အခုက ၉ ခုမြောက် ကမ္ဘာပဲ . . .”

“ငါတို့တွေ မင်းကို ရှာဖို့အတွက် စောင့်နေခဲ့တာ ကြာလှပြီ . . .”

“နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ . . .”

“မင်းရဲ့ ရင်ထဲမှာ ပဟေဠိ ဖြစ်နေတဲ့ အရာမှန်သမျှ ကို ငါအဖြေပြီးသွားပြီ . . .”

ထိုစကားများက တစ်လုံးချင်း ဖြည်းညှင်းစွာ ပေါ် လာခြင်း ဖြစ်၏။

ရဲရှောင်အတွက်မူ ပုံပြင်တစ်ပုဒ်အား စိတ်ရှည်ရှည် နားထောင်နေရသလိုပင် ဖြစ်နေလေသည်။

စာကြောင်းများက ရဲရှောင် စိတ်ထဲရှိ မေးခွန်းများ ကို ဖြေရှင်းပေးသွားရုံမက ယခုကိုးလွှာ တောင်ကြီး၏ ဇာတ်လမ်းကို ရှင်းပြနေခြင်းလည်း ဖြစ်၏။

(ဒီမတိုင်ခင်မှာ ရှစ်ကြိမ်တိတိ ဖြစ်ခဲ့ပြီးသွားပြီပေါ့)

(ဒါဆို လူ ၈ ဦးက ကျရှုံးသွားတယ်လို့လည်း ပြော လို့ရတယ် . . .)

(အဲဒါဆို ငါကဘာလို့ ၄ ယောက်မြောက် ဖြစ်နေ ရတာလဲ . . .)

(နောက်ပြီး ဒီနေရာကြီးရဲ့ ဖန်တီးရှင်ကရော ဘယ်သူလဲ . . .)

(ဒီလို ဖော်မပြနိုင်တဲ့ အရည်အချင်းမျိုး ရှိတဲ့ လူက ရော ဘယ်သူများလဲ . . .)

ရဲရှောင် တွေးရင်း နားမလည်နိုင် ဖြစ်သွားသည်။

“ငါဘယ်သူလဲဆိုတာ မင်းသိချင်နေမှာပဲ . . .”

စကားလုံးများ ထပ်မံ၍ ပေါ်လာပြန်သည်။

စင်စစ် ရဲရှောင် စိတ်ထဲရှိ စကားလုံးများကို တုန့် ပြန်ပေးနေခြင်းပါပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now