1032---1036

150 16 2
                                    

အခန်း (၁၀၃၂)(စာစဉ် ၇၄- အပိုင်း ၁၀)

“သားရဲများ ထွက်ပြေးခြင်း”

ရဲရှောင်နှင့် ဟန်ပိုင်ယွဲ့တို့ နောက်ရှိ လူ ၂၀ လုံးမှာ ထိတ်လန့်သွားကြ၏။

ထိုလူများမှာ ဟန်ပိုင်ယွဲ့ကဲ့သို့ အတွေ့အကြုံ ရင့် ကျက်သူများ မဟုတ်၍ ထိုကဲ့သို့ ကြောက်လန့်သွားရ သည်မှာလည်း မဆန်းပေ။

သို့သော် တောင်ကြီးထံသို့ ကြိမ်ဖန်များစွာ လာဖူး ၍ သားရဲများ၏ အသံကြားရုံဖြင့် အဆင့်ကို သေချာ မသိသည့်တိုင် အကောင်ရေကိုမူ ကောင်းစွာ ခန့်မှန်း မိလိုက်ကြသည်။

အနည်းဆုံးမူ အကောင် ၁၀၀ ခန့် ရှိနေနိုင်သည်။

ထို့ပြင် ၎င်းတို့၏ အတွေ့အကြုံများအရ ခန့်မှန်း ကြည့်လိုက်သောအခါ သားရဲများက အဆင့်ခြောက် အထက်သာ ဖြစ်လိမ့်မည်။

ထိုသို့‌ ကြောက်စရာကောင်းသည့် သားရဲအုပ်ကြီး ကို မူလအိပ်မက် အဆင့်ရှိသည့် လူများအဖို့ သေချာ ပေါက် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အော်ဟစ်နေသည့် သားရဲများ၏ အသံကို အသေ အချာ နားထောင်ကြည့်ရင်း အခြေအနေက မည်မျှထိ ဆိုးရွားကြောင်း ဟန်ပိုင်ယွဲ့ သဘောပေါက်သွားသည်။

ထိုသားရဲများထဲတွင် အဆင့်ရှစ်နှင့်အထက် သားရဲ များလည်း ပါဝင်နေသည်ကို ခံစားမိ၍ ဖြစ်သည်။

မည်မျှထိ များပြားသည်ကိုမူ သူမခန့်မှန်းနိုင်တော့ ချေ။

ယခု အခြေအနေက သူထိန်းချုပ်နိုင်သည့် အခြေ အနေ မဟုတ်တော့သည်ကိုမူ ကောင်းစွာ ခန့်မှန်းမိ လိုက်သည်။

နောက်တွင် ကျန်ရစ်ခဲ့သည့် လီမျိုးနွယ်မှ လူအချို့ မှာ အပေါက်ဝတွင်ပင် ရှိနေကြသေးသည်။

ထိုလူများမှာ ဝင်ပင် မဝင်ရသေး၊ သားရဲများ၏ အသံကို ကြားရုံဖြင့် ဒုတိယအလွှာသို့ ပြန်၍ဆင်းပြေး သွားကြတော့သည်။

အထဲသို့ ရောက်သွားပြီးသည့် လူများမှာမူ ပြန် ထွက်ပြေး၍ မရတော့ချေ။

တံခါးက ပြန်ပိတ်သွားခဲ့ပြီ မဟုတ်ပါလား။

“ရဲမျိုးနွယ်ရဲ့ မှတ်တမ်းတွေအရ ဒီတံခါးက ပိတ် ပြီး ၂ နာရီကြာမှ ပြန်ပွင့်မှာ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now