1115------1116

133 15 1
                                    

အခန်း (၁၁၁၅)(စာစဉ် ၈၀- အပိုင်း ၉)

“ချင်းဟွာနန်းတော်၏ ဖြေရှင်းချက်”

ယွဲ့ဟန်မှ -

“ကျွန်မတို့က ဘယ်စည်းမျဉ်း ဥပဒေကိုမှ မလိုက် နာဘူး၊ အမှန်အမှားတွေကိုလည်း ဘယ်တော့မှ မယုံ ကြည်ဘူး၊ လက်တွေ့ကျတဲ့ အင်အားကိုပဲ ကျွန်မတို့ ယုံကြည်တယ် . . .”

“ရွှမ်ပိုင်သာ ဒီမှာရှိတယ်ဆိုရင် ဘယ်အရာက မှန် တယ်၊ ဘယ်အရာက မှားတယ်ဆိုတာကို သူ ဆုံးဖြတ် လိမ့်မယ်၊ ဒါပေမယ့် သူမရှိဘူးဆိုရင်တော့ အမှား အမှန်ကို ကျွန်မတို့ပဲ ဆုံးဖြတ်မယ် . . .”

ယွဲ့ရှောင်က အေးစက်စက် ပြုံးလိုက်ရင်း -

“ကျွန်မတို့က ချင်းဟွာနန်းတော်ဘက်ကနေ အမြဲ တမ်း ရပ်တည်မှာပဲ၊ ကျွန်မတို့ ဆက်လုပ်မယ့်အရာက ရဲမျိုးနွယ်အတွက်တော့ မျှတမှာ မဟုတ်ဘူး . . .”

“ရှင်က ကျွန်မကို ချင်းဟွာနန်းတော်က ဘယ်လို ဆုံးဖြတ်ချင်လဲလို့ မေးတယ်နော်၊ အဲဒါကြောင့် ကျွန်မ အဖြေပေးလိုက်တာပဲ၊ ဒီအချိန်မှာ ကျွန်မအတွက် အဲဒါ က တစ်ခုတည်းသော အဖြေပဲ . . .”

ရဲနန်ရှန်လည်း ယွဲ့ရှောင်၏ စကားများကို အသေ အချာ နားထောင်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက် ရင်း -

“ချင်းဟွာနန်းတော်က ကျုပ်တို့အပေါ် မျှတလိမ့် မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ ကမ္ဘာကြီးမှာ အင်အားကသာ အဓိကပဲလေ၊ ခင်ဗျားတို့ ဖြစ်ချင်တာ သာ ပြောပါ . . .”

ယွဲ့ရှောင်က ရဲနန်ရှန်အား ခပ်အေးအေးပင် ကြည့် လိုက်ရင်း -

“ဒီကိစ္စမှာ ရဲမျိုးနွယ်ဆီက အချက်အလက်တစ်ချို့ လိုချင်တယ်၊ ရဲမျိုးနွယ်စုက အားလုံးနဲ့ ကိုက်ညီခဲ့ရင် တော့ အသက်ရှင်ခွင့် ရမှာပေါ့ . . .”

ရဲနန်ရှန်က အေးဆေးတည်ငြိမ်စွာဖြင့် -

“ဆက်ပြောပါဦး . . .”

“ပထမဆုံး ကျွန်မတို့က ရဲမျိုးနွယ်ကနေ ရဲနန်ရှန် ကို ထုတ်ပစ်ခိုင်းခဲ့တယ်၊ ဒါပေမယ့် ရဲမျိုးနွယ်က ကတိ ကို ဆန့်ကျင်ခဲ့တယ် အဲဒီအတွက် ဖြေရှင်းချက်ပေးပါ”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now