အခန်း (၉၆၀)"ပါးစပ်ဖွာခြင်း"

148 17 0
                                    

#အားလုံးဖတ်ချင်နေကြတဲ့ရွှမ်ပိုင်နဲ့ပြန်တွေ့ဆုံခန်း

အခန်း (၉၆၀)(စာစဉ် ၆၉- အပိုင်း၈)

“ပါးစပ်ဖွာခြင်း”

“မင်း ဘယ်သူ့ကိုမဆို သွားနှောက်ယှက်လို့ရရင် ရမယ် ဒါပေမယ့် ဒီကောင့်ကိုတော့ မရဘူး . . .”

“မင်း ဒီလိုဖြစ်တာ မှတ်ပြီလား . . .”

“မင်း ငါ့အပေါ် အခွင့်အရေး ယူတုန်းကကျ မင်း ကိုယ်မင်း အတော်ဆုံးလို့ ထင်ခဲ့တယ်မှတ်လား အခု တော့ရော ဘယ်လိုနေသေးလဲ မှတ်ပြီလား . . .”

“မင်း အခု ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်ပါဦး ကွာ ဟားဟား . . .”

ရဲရှောင်မှ ရယ်မောကာ အကျေနပ်ကြီး ကျေနပ်နေ လျက် ရှိသည်။

“အခုတော့ မင်းက ကြောင်လေး တစ်ကောင် ရိုက် တာ ခံလိုက်ရပြီပေါ့ ဟားဟား . . .”

“ဟန်ပိုင်ယွဲ့ . . .”

“ဒါက ဘာသဘောလဲ၊ ဘာကို ဆိုလိုလဲ ဆိုတာ မင်းသိတယ် မဟုတ်လား . . .”

သူ့အား လှောင်ပြောင်နေသော ရဲရှောင်ကို ကြည့် ရင်း ဟန်ပိုင်ယွဲ့ မည်သည့် စကားမှ မပြောနိုင်။

ပါးစပ်အဟောင်းသားသာဖြစ်နေရသည်။

ရဲရှောင် ပြောသည့် စကားများမှာလည်း ငြင်းပယ် စရာမလိုအောင်ပင် မှန်ကန်နေသည် မဟုတ်ပါလား။

သူ့အဖို့ ကြောင်လေး တစ်ကောင်၏ ရိုက်နှက်ခြင်း ကို ခံခဲ့ရပြီး ကြောင်လေးမှာမူ အေးအေးလူလူဖြင့်ပင် ရှိနေခဲ့သည်။

ထို့ကြောင့် သူ့ဘက်မှ မည်သည့် ခွန်းတုန့်စကား ပြန်ပြောနိုင်တော့ပါမည်နည်း။

ရဲရှောင်လည်း အားရအောင် ရယ်မောပြောဆိုပြီး နောက် မြင်းစီးကာ ရှေ့မှ ထွက်သွားတော့သည်။

မဲလုံးမှာလည်း ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း တစ်ချက် ဟီလိုက်ပြန်သည်။

“ဟီး ဟီး ဟီး . . .”

ထိုဟီသံ၏ အဓိပ္ပာယ်မှာ ဟန်ပိုင်ယွဲ့အား လှောင် ပြောင် လိုက်ခြင်းပါပင်။

လူတစ်ဦးသာ ဆိုပါက ကျယ်လောင်စွာ ရယ်မော လိုက်သည့် သဘောဟု ဆိုနိုင်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now