Chapter (948)"ကြောက်မက်ဖွယ် ကောင်းသော"

153 20 0
                                    

Chapter (948)(စာစဉ် ၆၈- အပိုင်း၁၀)

“ကြောက်မက်ဖွယ် ကောင်းသော”

ဟန်ပိုင်ယွဲ့မှာ သူ၏ သရုပ်မှန်ကို ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက် ခြင်း ဖြစ်သည်။

နှင်းကိုးလွှာ ကောင်းကင် တိုက်ကွက်မှာ သူ၏ အမှတ်အသားပင် ဖြစ်သည်။

သိုင်းလောကအကြောင်း အနည်းငယ်သိသော လူ များပင် ထိုတိုက်ကွက်ကို မြင်သည်နှင့် ဟန်ပိုင်ယွဲ့မှန်း ချက်ချင်း သိနိုင်သည်။

ရဲရှောင်၏ စကားကြောင့် ဟန်ပိုင်ယွဲ့လည်း ရယ် မောလိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအခါ ဆွဲငင်အား တစ်ခု ဖြစ်ပေါ်သွားပြီး ရေခဲ ချီဓာတ်များမှာ သူ့ထံသို့ ပြန်လည်စီးဆင်း လာသည်။

သူ၏ လက်ကို မြှောက်လိုက်ချိန်တွင်မူ အရာအား လုံးမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

အလောင်းလေးမှလွဲ၍ အခြား အငွေ့အသက်များ ဘာဆိုဘာမှ မရှိတော့ခြင်း ဖြစ်သည်။

(သူက ငါ့ရဲ့ စွမ်းအင်တွေ ပြန်ရုတ်သိမ်းနိုင်တယ် ဆိုတာပါ သိနေတာပဲ . . .)

(သာမန် လူငယ်တစ်ယောက်တော့ မဟုတ်ဘူး)

ဟန်ပိုင်ယွဲ့မှ ထိုသို့ တွေးနေစဉ်မှာပင် ရဲရှောင်၏ အသံကြောင့် အတွေးစပြတ်သွားသည်။

“သွားကြစို့လေ . . .”

“ဘာတွေ တွေးနေတာလဲ . . .”

ထို့နောက် လူနှစ်ယောက်မှာ ပျံသန်းသွားပြီး ချက် ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပါတော့သည်။

. . .

ခဏအကြာတွင် တိုက်ပွဲဖြစ်ခဲ့သည့် နေရာသို့ နေ ရောင်ဂိုဏ်းမှ လူအများအပြား ရောက်လာခဲ့သည်။

ထိုလူများ ရောက်ပြီးချိန် ထပ်မံ၍ လူများ တဖွဲဖွဲ ပင် ထပ်ရောက်လာကြသည်။

လူအားလုံးမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒေါသစိတ်နှင့်အတူ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ သည်။

စက္ကန့်မရွေး သေသွားနိုင်သည့် လူတစ်ယောက်မှ မူလတာအို အဆင့် ပညာရှင် လေးဦးကို သတ်ဖြတ်၍ ထွက်ပြေးသွားနိုင်ခဲ့သည် မဟုတ်ပါလား။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now