အခန်း (၉၇၆)"စော်ကားချင်တိုင်း စော်ကားလို့ ရသလား"

137 13 0
                                    

အခန်း (၉၇၆)(စာစဉ် ၇၀- အပိုင်း၁၀)

“စော်ကားချင်တိုင်း စော်ကားလို့ ရသလား”

အေးစက်မှုမှာ ရုတ်တရက် နေရာအနှံ့သို့ ဖုံးလွှမ်း သွားသည်။

စကြာဝဠာတစ်ခွင်လုံးရှိ အေးစက်မှုများ ကမ္ဘာမြေ ပေါ်သို့ သက်ရောက်လာသလိုပါပင်။

တစ်ပြိုင်တည်းပင် ဖိနှိပ်မှု စွမ်းအားများကိုလည်း လူတိုင်း ခံစားလိုက်ကြရသည်။

ဘာဖြစ်သွားမှန်း မသိ၍ လူများ၏ ပါးစပ်ဖျားမှ အာမေဋိတ်သံများ သံပြိုင်ထွက်သွားကြသည်။

“ဟင် . . .”

“အလိုလေး . . .”

“ဘာတွေ ဖြစ်ကုန်တာလဲ . . .”

“လူစုပြီး တိုက်ကြဟေ့ . . .”

“သေစမ်း သူက ထိပ်သီးပညာရှင်ကြီးပဲ . . .”

နေရောင်ဂိုဏ်းမှ လူများမှာ ချက်ချင်း‌ ပြောင်းလဲ သွားသည့် အခြေအနေကြောင့် ထိတ်လန့်သွားကြ၏။

အားလုံးမှာ မူလတာအိုအဆင့် ပညာရှင်များ ဖြစ်၍ ကြောက်မက်ဖွယ် အငွေ့အသက်များကို ခံစားမိလိုက် ကြသည်။

ထို့ပြင် ထိုအငွေ့အသက်များက ၎င်းတို့၏ အသက် များကိုပင် နှုတ်ယူပစ်နိုင်စွမ်း ရှိသည်ကိုလည်း သိနေ ကြသည်။

ခဏအကြာတွင် တိမ်မဲများ ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးမှာ ပြန်လည် ကြည်လင်လာသည်။

ရွှမ်ပိုင်မှာမူ မူလနေရာတွင် ရပ်နေတုန်းဖြစ်ပြီး မြက်ဦးထုပ်ကို ဆောင်းထားတုန်းပါပင်။

သို့သော် သူမ၏ ရှေ့တွင်မူ လူတစ်ယောက် ရှိနေ လေသည်။

ထိုလူမှာ သူမကို စော်ကားခဲ့သည့် သက်လတ်ပိုင်း အရွယ် လူပင် ဖြစ်သည်။

နေရောင်ဂိုဏ်းမှ လူများမှာ ရွှမ်ပိုင်အား ပြူးကျယ် သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ထိုလူများအနက် သုံးဦး၏ ပါးစပ်မှ သွေးများပင် ထွက်နေကြပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့် ပုံပင်။

မုတ်ဆိတ်ဖြူ အဘိုးကြီး၏ မျက်နှာမှာလည်း သွေး မရှိတော့သည့်အလား ဖြူရော်ရော် ဖြစ်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now