Chapter (908)"ကလဲ့စား လာချေသည့် မိန်းမပျို"

166 22 1
                                    

Chapter (908)(စာစဉ် ၆၅- အပိုင်း၁၂)

“ကလဲ့စား လာချေသည့် မိန်းမပျို”

သူတို့နှစ်ဦး ရယ်မောပျော်ရွှင်ခဲ့ကြသည့် ပုံရိပ်များ က ရဲရှောင်၏ ခေါင်းထဲတွင် အစီအရီ ပေါ်လာသည်။

ထိုအချိန် သူ့နှုတ်ခမ်းက အလိုလိုပင် ပြုံးမိသွား သည်။

ထိုစဉ်မှာပင် သူ့ခေါင်းထဲသို့ မကောင်းသော ပုံရိပ် များက ပေါ်လာပြန်သည်။

နေရောင်ဂိုဏ်းက ကောင်းကင် ဝိညာဉ်တောင်ကို အဓမ္မသိမ်းပိုက်ခဲ့သည်။

ကြီးမြတ်သော မရဏဓားက ခုခံကာကွယ်ရင်း တောင်အောက်သို့ ပြုတ်ကျသွားခဲ့ရသည်။

အလောင်းက ရှာမတွေ့ဘဲ အစအနပင် ပျောက် သွားတော့သည်။

ရဲရှောင်ကမူ ထိုအချက်ကို လက်မခံနိုင်။

လိဝူလျန် တကယ် သေမသေကို အတည်ပြုချင် နေသေးသည်။

သို့သော် သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ် အပျက်များကလည်း ရှိနေသည်။

၎င်းတို့နှစ်ဦး ခုန်ဆင်းချိန်က ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်သည့်တိုင် သေမလို ဖြစ်ခဲ့ကြသည်။

လိဝူလျန် တောင်အောက်သို့ ကျသွားချိန်ကလည်း သူ့၌ ဒဏ်ရာအပြင်းအထန် ရနေသည်။

ထို့ကြောင့် လိဝူလျန်က မည်သို့ အသက်ရှင်နိုင်ပါ မည်နည်း။
. . .

ရဲရှောင်က ကြောင်တစ်ကောင်ပမာ တောင်အနား သို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

သူ့ရှေ့တွင်မူ တကယ့်ကြောင်တစ်ကောင်က ရှိနေ သည်။

ထိုကြောင်အစစ်က အားဟူပါပင်။

ချင်းရန်နယ်ပယ် တစ်ခုလုံးတွင် ချဉ်းကပ်ခိုးဝင်ရာ တွင် အတော်ဆုံးက အားဟူဟု ဆိုရမည်။

လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က တောင် ပေါ်သို့ တက်လာကြပါပြီ။

ထိုစဉ် အားဟူက ရုတ်တရက် အချက်ပေးသံ တစ်ခု ပြုလုပ်လိုက်သည်။

ရဲရှောင်လည်း ချက်ချင်းဆိုသလို ချုံပုတ်တစ်ခုထဲ ပုန်းအောင်းလိုက်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now