Chapter (936)"ကြယ်ဓား"

143 20 0
                                    

Chapter (936)(စာစဉ် ၆၇- အပိုင်း၁၂)

“ကြယ်ဓား”

ရဲရှောင် နားမလည်နိုင် ဖြစ်နေသည်။

မိုးကြိုး မုန်တိုင်း လင်းယုန်ကြီးက ယခုကမ္ဘာတွင် ထူးခြားသော မျိုးစိတ် တစ်မျိုးပင်။

ဥပေါက်စေအောင်လည်း လင်းယုန်အမက ပြုလုပ် ပေးခြင်း မဟုတ်ပါ။

မရေမတွက်နိုင်သော လျှပ်စီးများကို စုပ်ယူ၍သာ ပေါက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ခန့်က ရွှေလင်းယုန် ကြီး ၂ကောင်မှာ ဥနှင့်အတူ ရှိခဲ့သည့်တိုင် အကောင် ပေါက်အောင် မစွမ်းနိုင်ခဲ့ကြပေ။

၎င်းတို့အဖို့ လျှပ်စီးများ ကျရောက်ပါစေဟုသာ ဆုတောင်းရုံမှအပ အခြားမရှိခဲ့ပြီ။

ယခု အကောင်ပေါက်လာသည့် အချိန်တွင်လည်း လင်းယုန်လေးခမျာ တစ်ကိုယ်တည်း အဖော်မဲ့ ဖြစ်ခဲ့ရ သည်။

ယခုလို ကြမ်းတမ်းသော ကမ္ဘာမျိုးတွင် မည်ကဲ့သို့ အသက်ရှင်သန်ခဲ့ပါသနည်း။

ရဲရှောင် စဉ်းစားပြီးနောက် လင်းယုန်အတွက် စိတ်မကောင်း ဖြစ်နေမိသည်။

ထိုစဉ် လင်းယုန်၏ ဆွဲဆွဲငင်ငင် အော်လိုက်သည့် အသံကို ကြားလိုက်ရသည်။

တစ်ပြိုင်တည်းမှာပင် ကောင်းကင်ထက်၌ လျှပ်စီး မိုးကြိုးများ ဖြစ်ပေါ်သွားသည်။

လင်းယုန်ကြီးမှာမူ ရှောင်တိမ်းခြင်း မရှိ။

မိုးကြိုးပစ်ချသည့် နေရာသို့ပင် ဦးတည် ပြေးထွက် သွားသည်။

“ဘုန်း . . .”

မိုးကြိုးက လင်းယုန်ကြီးပေါ်သို့ တိုက်ရိုက် ထိမှန် သွားသည်။

လင်းယုန်ကြီးမှာလည်း အော်ဟစ်လိုက်သည်။

သို့သော် နာကျင်သည့် ပုံမျိုးတော့ မရှိပါ။

ပျော်ရွှင်နေသည့် ပုံပင် ပေါက်နေပါသေးသည်။

ခဏအကြာတွင် လင်းယုန်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများက ယခင်ထက် ပိုတောက်ပြောင်လာသည်။

မိုးကြိုးများက ရပ်တန့်ခြင်း မရှိသေးပါ။

ဆက်တိုက်ပင် လင်းယုန်ကြီးကို ထိမှန်နေပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now