အခန်း (၉၈၂)"မီးခိုးရောင်တောင်မှ လူထူးဆန်းကြီး"

134 12 1
                                    

အခန်း (၉၈၂)(စာစဉ် ၇၁- အပိုင်း ၂)

“မီးခိုးရောင်တောင်မှ လူထူးဆန်းကြီး”

လူတစ်ဦး ကောင်းကင်ထက်မှ မြားတစ်စင်းပမာ လျင်မြန်စွာ ပြုတ်ကျလာသည်။

“ဘုန်း . . .”

ချင်းရန်နယ်ပယ်တွင် အားကြီးသူသာ အနိုင်ရစမြဲ ဖြစ်၍ ယခုကဲ့သို့ ဖြစ်ရပ်မှာ အံ့ဩစရာ မရှိချေ။

ထိုသို့ ပြုတ်ကျတိုင်းသာ အရေးတယူ လုပ်နေရပါ က အခြားကိစ္စများ လုပ်ရန်ပင် အချိန်မရှိနိုင်တော့ပြီ။

သို့သော် ယခုအခါတွင် ထိုသို့ ဂရုမစိုက်ဘဲ နေ၍ မရတော့ပေ။

အကယ်၍ ရဲရှောင်သာ ရပ်တန့်လိုက်ခြင်း မရှိပါက မဲလုံးမှာ ထိုလူ့အား ဝင်တိုက်တော့မည် ဖြစ်သည်။

ရွှမ်ပိုင်၊ ဟန်ပိုင်ယွဲ့နှင့် ရဲရှောင်တို့ သုံးဦးလုံး တစ် ပြိုင်တည်းပင် ရပ်တန့်လိုက်ကြသည်။

ထိုလူမှာ ကောင်းကင်ထက်မှ ပြုတ်ကျလာခြင်း ဖြစ်၍ မြေပြင်နှင့် အရှိန်ပြင်းပြင်း ရိုက်ခတ်သွားသည်။

ထို့ကြောင့် နှာခေါင်း၊ ပါးစပ်နှင့် နားရွက်နှင့် မျက် လုံးတို့တွင် သွေးများ ထွက်လျက် ရှိသည်။

ပြုတ်ကျသည့် အရှိန်မှာ ပြင်းလွန်း၍ မြေပေါ်သို့ ကျချိန်၌ သွေးများမှာ ကောင်းကင်ထက် ပေ၃၀ခန့်ထိ ပင် ပန်းထွက်သွားသည်။

ရဲရှောင်တို့ အားလုံး ထိုလူကို ကြည့်လိုက်ကြ၏။

ထိုလူမှာ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများများစားစား မရှိသော်လည်း မျက်နှာတစ်ခုလုံးတွင်မူ သွေးမရှိတော့ ဘဲ ဖြူစုတ်နေသည်။

သို့သော် ရင်ဘတ်တွင်မူ ဓားဒဏ်ရာ တစ်ချက်က ရှိနေသည်။

ထိုဓားချက်မှာ နှလုံးနှင့် နီးကပ်စွာ အထိုးခံလိုက်ရ သည့် ပုံရ၍ နှလုံးမှာလည်း ပျက်စီးသွားရသည့် ပုံပင်။

သို့တိုင် ထိုလူမှာ အသက်ရှင်နေတုန်း ဖြစ်ပြီး အ သက်လည်း ငွေ့ငွေ့ရှူနေတုန်းပါပင်။

ရဲရှောင်တို့ ကြည့်နေစဉ်မှာပင် ထိုလူက မျက်လုံး ကို အားတင်းဖွင့်၍ တိုးညှင်းသော အသံဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now