1037--1038

134 12 1
                                    


အခန်း (၁၀၃၇)(စာစဉ် ၇၅- အပိုင်း ၁)

“စောင့်ဆိုင်းခြင်း”

ရွှမ်ပိုင်၏ မေးလိုက်သည့် အသံက မာနေပြီး အထက်စီးဆန်လျက် ရှိသည်။

သူမ၏ အရှိန်အဝါနှင့် အေးစက်မှုတို့က ယခုဆေး တောင်ကြီး တစ်ခုလုံးအား ဖုံးလွှမ်းသွားသယောင်ပင်။

ထို့ကြောင့် ထိုပြင်းထန်သည့် အရှိန်အဝါကြောင့် လူ ၄ ဦး၏ နှုတ်မှ ထပ်မေးစရာမလိုအောင် စကားလုံး များ တရစပ် ထွက်ကျလာသည်။

“ကျုပ်တို့လည်း အဲဒီလူကို ထူးထူးခြားခြား သတိ မထားမိဘူး . . .”

“အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ သူလည်း ဘာမှ လုပ်ချိန်ကို ရှိမှာ မဟုတ်ဘူး . . .”

ထိုစကားကြောင့် ရွှမ်ပိုင်၏ နှုတ်မှ မကျေမချမ်း ရေရွတ်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

သူမ၏ စွမ်းအင် အရှိန်အဝါများလည်း ပျက်ပြယ် သွားပြီဖြစ်၍ ထိုအခါမှသာ ကျန်လူများလည်း စိတ် သက်သာရာ ရသွားကြသည်။

ရဲရှန်ချန်ကဲ့သို့ မူလတာအို အဆင့်နှစ်ရှိနေသည့် လူပင်လျှင် ရွှမ်ပိုင်၏ ဖိနှိပ်မှုကို မခံနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှမ်ပိုင် မည်မျှ အစွမ်းထက်သည်ကို မည်သူမှ မသိနိုင် ဖြစ်နေတော့သည်။

သို့သော် ရွှမ်ပိုင်အဖို့ ၎င်းတို့ သတိပြုမိခြင်း၊ မပြုမိ ခြင်းက အရေးမကြီး။

အရေးကြီးသည်က သူမ သိချင်နေသည့် မေးခွန်း ပါပင်။

(အချိန်တောင် မရှိဘူးတဲ့လား . . .)

(မူလတာအိုရဲ့ ထိပ်ဆုံးအဆင့် ရောက်နေတဲ့ ပညာ ရှင်ကတောင် အချိန်မရှိဘူးဆိုရင် မင်းတို့က ဘယ်လို လုပ် ထွက်ပြေးလာနိုင်မှာလဲ . . .)

ထိုသို့ တွေးရင်း ရွှမ်ပိုင် စိတ်ထဲ စိတ်သက်သာရာရ သွားလေသည်။

အမှန်တကယ်သာ ကြောက်စရာ ကောင်းသည်ဆို ပါက ထိုလူများမှာ ကြောက်ရွံ့စိတ် မဝင်ခင်ကတည်း က သေဆုံးသွားနိုင်သည်။

ရဲရှောင်အပေါ် သစ္စာရှိသော ဟန်ပိုင်ယွဲ့အနေဖြင့် အန္တရာယ်နှင့် ကြုံတွေ့ရသည့်တိုင် ကာကွယ် ပေးနိုင် မည်မှာ သေချာလှသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now