1007---1008

141 14 1
                                    

အခန်း (၁၀၀၇)(စာစဉ် ၇၂- အပိုင်း ၁၃)

"သံသယဝင်ခြင်း"

ရဲရှောင်မှ တည်ငြိမ်စွာဖြင့် -

"မေးပါ . . ."

"ကျုပ်သိတာ မှန်သမျှ ဖြေပေးပါ့မယ် . . ."

ရဲရှောင်မှ ထိုသို့ ပြော၍ ရွှမ်ပိုင်လည်း မေးရန် ဟန် ပြင်လိုက်သည်။

သို့သော် သူမအဖို့ လေးလေးနက်နက် တွေးမိလေ ထုတ်ပြောဖို့ရာ ခက်လေလေပင် ဖြစ်နေသည်။

ယခု သူမ မေးမည့် မေးခွန်းကို မေးချင်နေသည်မှာ ကြာလှချေပြီ။

စင်စစ် သူမ၏ မှတ်ဉာဏ်များ ပြန်ရကတည်းက ထိုမေးခွန်းအား မေးချင်နေခြင်းပင်။

မေးခွန်းမှာ အကြမ်းဖျဉ်းသာ ခန့်မှန်းထားသည့် မေးခွန်းမျိုးဖြစ်သော်လည်း ဟန်ပိုင်ယွဲ့ ပေါ်လာချိန်၌ သူမအဖို့ ပိုပို၍ သိချင်စိတ် ပြင်းပြလာခဲ့သည်။

"ငါမေးချင်တာက . . ."

ထိုသို့သာ ပြောရင်း ရွှမ်ပိုင်မှ စကားခဏရပ်ထား လိုက်သည်။

မည်သို့ မေးရမည်ကို စဉ်းစား တွေဝေနေရသည့် ပုံ ပင်။

"မင်း ဘယ်က လာလဲဆိုတာ ငါသိတယ် . . ."

"မင်း မင်းက မော်တယ်ကမ္ဘာမှာရှိတဲ့ လင်းပါအိုရဲ့ ဧကရာဇ်ပဲ . . ."

"နောက်ပြီး မင်းနာမည်က ရဲဂျွန် မဟုတ်ဘူး မင်း က ရဲရှောင်ပဲ၊ ချန်နိုင်ငံတော် မြောက်ပိုင်းစစ်သူကြီးရဲ့ သားလေ . . ."

"ငါပြောတာ ဟုတ်တယ်မလား . . ."

ရွှမ်ပိုင်အဖို့ ထိုစကားများကို တည်တည်ငြိမ်ငြိမ် ဖြင့် ပြောနေရသော်လည်း စိတ်ထဲတွင်မူ နှလုံးခုန်သံ များဖြင့် ဝုန်းဒိုင်းကြဲနေသည်။

"ဟုတ်ပါတယ် မှန်ပါတယ် . . ."

ရဲရှောင်လည်း တည်ငြိမ်မှု အပြည့်ဖြင့် ပြန်ဖြေ လိုက်သည်။

"အင်း ခင်ဗျားဘက်က ဒီလို မေးလာမှတော့ ကျုပ် ဘက်ကလည်း ပွင့်ပွင့်လင်းလင်း တစ်ခုမေးဦးမယ်"

"ကျုပ်ရဲ့ အကြောင်းကို ခင်ဗျား ဘယ်လိုသိတာလဲ ပိုင်ရှင်းယွဲ့နဲ့ ဝရမ်ချူးချူးတို့ သိတယ်ဆိုပေမယ့် သူတို့ လည်း အများကြီး မသိကြပါဘူး . . ."

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now