အခန်း (၉၉၈)"အမှိုက်မှ ရွှေဖြစ်"

145 10 1
                                    

အခန်း (၉၉၈)(စာစဉ် ၇၂- အပိုင်း ၄)

“အမှိုက်မှ ရွှေဖြစ်”

ဆောင်မျိုးနွယ်စုမှ လူများအဖို့ မည်သည့်လမ်းကို ရွေးချယ်ကြပါမည်နည်း။

၎င်းတို့၌ တူညီသော ဆုံးဖြတ်ချက်သာ ရှိတော့၍ လွယ်ကူသည့် ဆုံးဖြတ်ချက်ကို ချနိုင်တော့မည်ဟု ဆို ရမည်။

ဆောင်ရွှမ်မှာမူ မယုံနိုင်အောင် ဖြစ်နေ၍ ရဲရှောင် အား အံ့ဩတကြီးဖြင့် ငေးကြည့်နေသည်။

ယခုကဲ့သို့ ချောမောခန့်ညားသည့် လူငယ်လေးမှ သူ့အား မျက်နှာသာ ပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။

သူ့အဖို့ မျိုးနွယ်တူချင်းပင် အမြဲတစေ အနိုင်ကျင့် ခံခဲ့ရသည် မဟုတ်ပါလား။

ဆောင်ဖေ့မှာ သူ့အား အနိုင်ကျင့် စော်ကားခဲ့ပြီး ဆောင်ဝုရန်မှာလည်း သူ့အား ဘယ်သောခါမှ အဖတ် မလုပ်ခဲ့ဖူးချေ။

သူ့ထံ၌ မည်မျှ ကြီးမားသည့် ရည်မှန်းချက်များ ရှိ နေပါစေ အသုံးမကျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရ ပြီး အသုံးမကျသည့် လူတစ်ဦးအဖြစ်သာ ရှိခဲ့ရသည်။

ထိုအခြေအနေမှ လွတ်မြောက်စေရန် မည်သို့ လုပ် ရမည်ကိုလည်း မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရသည်။

သို့သော် ယခုအခါတွင် အဖြစ်အပျက်များမှာ လျင် မြန်စွာပင် ပြောင်းလဲသွားခဲ့သည်။

သူ့အတွက်မူ မဟာအခွင့်အရေးကြီး ရလိုက်သလို ပါပင်။

ထိုစဉ် ရဲရှောင်မှ လေသံခပ်အေးအေးဖြင့် -

“မျိုးနွယ်စု တစ်ခုမှာ အချင်းချင်း မညီညွတ်ကြဘဲ ပဋိပက္ခဖြစ်နေရင် အဲဒီမျိုးနွယ်စုက မကြာခင် ပြိုကွဲ သွားမှာပဲ . . .”

“ကျုပ်မှာလည်း မျိုးနွယ်စုရှိတော့ မျိုးနွယ်စုထဲက လူအမျိုးမျိုးတွေ ကြားထဲမှာ ရှင်သန် နေထိုင်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ကျုပ် သိတယ် . . .”

“ကျုပ်ဆိုလည်း အဲဒီဒဏ်ကို ခံစားနိုင်မှာ မဟုတ် ဘူး . . .”

ထိုသို့ ပြောနေရင်းဖြင့် ရဲရှောင်မှာ သူ၏ စိတ်စွမ်း အင်များကို ဖြန့်ကျက်၍ ဆောင်မျိုးနွယ်စု၏ အိမ် တော်များအတွင်း ဆောင်ဂျူကို လိုက်ရှာနေမိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now