အခန်း (၉၉၂)"ဆောင်မျိုးနွယ်စု"

134 14 1
                                    

အခန်း (၉၉၂)(စာစဉ် ၇၁- အပိုင်း၁၂)

“ဆောင်မျိုးနွယ်စု”

ရွှမ်ပိုင်၏ စိတ်အစဉ်မှာ ကြည်လင်မနေတော့ချေ။

ဆောင်ဂျူကြောင့်သာ မဟုတ်ပါက ရှည်ရှည်ဝေး ဝေး စဉ်းစားမနေတော့ဘဲ ဆောင်မျိုးနွယ်တစ်ခုလုံးကို အပြတ်ရှင်းပစ်လိုက်သည်မှာ ကြာလှချေပြီ။

သို့သော် ဆောင်ဂျူ၏ အခြေအနေကိုလည်း သူမ စဉ်းစားနေရသေးသည်။

သူမအတွေးဖြင့်သာ ဆိုပါက ထိုလူများကို သတ် ပစ်ချင်သော်လည်း ရဲရှောင်အား ဆုံးဖြတ်ခိုင်းသည်က ပိုသင့်တော်နိုင်သည်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် ရဲရှောင်အား ဆုံးဖြတ်ခိုင်းလိုက်ခြင်းပင် ဖြစ်၏။

ရဲရှောင်မှ ရွှမ်ပိုင်အား ပြုံး၍ လှမ်းကြည့်လိုက်ပြီး-

“ခင်ဗျားက ကျုပ်အကြောင်းကို တော်တော်သိနေ တာပဲ . . .”

“ကျုပ်အကြောင်း အားလုံး နီးပါးကို သိနေတာ”

ရွှမ်ပိုင် နှုတ်ခမ်းတစ်ချက် တွန့်ရင်း မချိပြုံးပြုံး လိုက်သည်။

(အရူးကောင် . . .)

(ငါသိတာပေါ့ မင်းရဲ့ အူမချေးခါးကအစ ငါအကုန် သိတယ် . . .)

(ဒီကမ္ဘာမှာ မင်းအကြောင်းကို ငါ့ထက် ဘယ်သူက ပိုသိနိုင်မှာလဲ . . .)

(ငါ့လောက် မင်းအကြောင်း သိတဲ့လူ ဘယ်သူမှ ရှိ နိုင်မှာ မဟုတ်ဘူး . . .)

ရဲရှောင် စဉ်းစားနေသည့် အချက်ကိုမူ ရွှမ်ပိုင် မသိ ချေ။

ရဲရှောင် စိတ်ထဲ ပိုင်ရှင်းယွဲ့နှင့် ဝရမ်ချူးချူးတို့မှ သူ့အကြောင်းကို ရွှမ်ပိုင်အား ပြောပြထားခြင်းဖြစ်မည် ဟု တွေးထင်ထားခြင်း ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်မူ ရွှမ်ပိုင်မှာ ပိုင်အာ ဖြစ်ခဲ့၍သာ ရဲရှောင်အကြောင်း အကုန်သိနေခြင်းပင်။

“ကောင်းပြီ ကျုပ်ပဲ ဖြေရှင်းရတာပေါ့ . . .”

ရဲရှောင်မှ ခေါင်းညိတ်၍ ပြောလိုက်သည်။

“အင်း ဟုတ်ပြီ ဒါပေမယ့် ဒီလူတွေက သေကိုသေ ရမယ်၊ မင်းရဲ့ အစီစဉ်တွေက ဘာဖြစ်ဖြစ် လုံးဝညှိနှိုင်း စရာ မရှိဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now