အခန်း (၉၉၇)"ရေစက်ရှိ၍ ဆုံတွေ့ရခြင်း"

132 11 0
                                    

အခန်း (၉၉၇)(စာစဉ် ၇၂- အပိုင်း ၃)

“ရေစက်ရှိ၍ ဆုံတွေ့ရခြင်း”

ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်စေရန် ပြုလုပ်ခဲ့သူ မှာ ဟန်ပိုင်ယွဲ့သာ ဖြစ်၏။

ရွှမ်ပိုင်အဖို့ ရဲရှောင်အပေါ် ဒေါသထွက်၍လည်း မ ရသကဲ့သို့ ဆောင်ဂျူအပေါ်လည်း လေးစားမှု ပြပေးရ ဦးမည်။

ထို့ကြောင့် သူမ၏ ဒေါသများကို သနားစရာ ဟန် ပိုင်ယွဲ့အပေါ်သာ ပုံချလိုက်တော့သည်။

သတ်ခံရတော့မည့် လူများမှာ သူမ၏ အမြင်၌ ဖုန်မှုန့်လောက်ပင် အဆင့်မရှိ၍ အဖတ်လုပ်၍ စကား မပြောချင်အောင် ဖြစ်နေရသည်။

ဟန်ပိုင်ယွဲ့လည်း ရုတ်တရက် အော်ခံလိုက်ရ၍ လန့်ဖျတ်သွားသလို ဝမ်းလည်းနည်းသွားသည်။

တစ်ပြိုင်တည်း၌ ဒေါသများလည်း ထွက်သွားရ သည်။

ထို့ကြောင့် ယခင်ကထက်ပင် ပိုမိုခက်ထန်သည့် အသံဖြင့် -

“ကြည့်စမ်း . . .”

“ခင်ဗျားတို့လုပ်တာ ကျုပ် အအော်ခံလိုက်ရပြီ”

“ခင်ဗျားတို့က တကယ်ကို အသုံးမဝင်တဲ့ မျိုးမစစ် ကောင်တွေကို မွေးထားတာပဲ . . .”

“ဒီကောင်တွေကို ရှင်းပစ်ပြီး ကမ္ဘာကြီးကို သန့်စင် ရမယ်၊ အသုံးမဝင်တဲ့ကောင်တွေ အလကားပဲ . . .”

ပြောပြောဆိုဆိုဖြင့် ဟန်ပိုင်ယွဲ့မှာ ဓားကြီးကို လေ အဟုန်တွင် ဝေ့ယမ်းလိုက်သည်။

“ရွှစ် . . .”

အဖြူရောင် အလင်းတန်း တစ်ချက် လင်းလက် သွားပြီးနောက် သွေးများ ပန်းထွက်သွားတော့သည်။

ထိုမြင်ကွင်းက ကမ္ဘာတစ်ခုလုံးသို့ သွေးချောင်းစီး သွားသလိုပါပင်။

ကြည့်နေသည့် လူများအားလုံး မျက်လုံးများ ပြူး ကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ဆောင်ဖေ့ အပါအဝင် မြေပြင်ပေါ်ရှိ ဒူးထောက်နေ သည့် လူများအားလုံး ခေါင်းဖြတ်သတ်ခံလိုက်ရချေပြီ။

ဆောင်ဝုရန်မှာ သူ၏ အချစ်ဆုံးသား သတ်ခံလိုက် ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now