Chapter (895)"မြင်းဘုရင် လာပြီ"

165 19 0
                                    

Chapter (895)(စာစဉ် ၆၄- အပိုင်း၁၃)

“မြင်းဘုရင် လာပြီ”

မြင်းပုလေးက ခေါင်းကိုမော့ကာ ဝံ့ကြွားစွာ ပြေး နေသည်။

ကျန်မြင်းများက သူ့ကို တလေးတစား ဖြစ်နေ သည်ကိုလည်း ကျေနပ်နေဟန်ပင်။

“ညီလေးရဲ . . .”

ခေါင်းဆောင်မူက လှမ်းခေါ်လိုက်သည်။

“မင်းရဲ့ မြင်းက မြင်းတွေရဲ့ ဘုရင်ထင်တယ် . . .”

ရဲရှောင် အံ့ဩသွားကာ -

“ဘယ်လို . . .”

“မြင်းဘုရင် ဟုတ်လား . . .”

“မဲလုံးလေးကလား . . .”

ထိုစဉ် ခေါင်းဆောင်မူမှာ မြင်းပေါ်က ပြုတ်ကျ မတတ်ပင် ဖြစ်သွားသည်။

(ငါ့လခွမ်းတဲ့မှပဲ . . .)

(မင်းကလဲကွာ မြင်းဘုရင်ကို ဒီထက်ပိုကောင်းတဲ့ နာမည် ပေးလို့ မရဘူးလား . . .)

ရဲရှောင်ကမူ ဘာမှမသိချေ။

(ဘယ်လို ဖြစ်တာလဲ . . .)

(ငါက လမ်းလျှောက်ရတာ အချိန်ကြာပြီး ပင်ပန်း လာလို့ အားဟူကို မြင်းတစ်ကောင် ရှာခိုင်းလိုက်တာ၊ အားဟူကလည်း ချက်ချင်း တောထဲပြေးဝင်သွားပြီး သွားရှာပေးခဲ့တယ် . . .)

(နေ့ဝက်လောက် ကြာတော့ ငါ့ဆီကို မြင်းပုလေး တစ်ကောင် ပြေးလာတာကို တွေ့လိုက်ရတယ် . . .)

(အားဟူကလည်း မြင်းပုလေးရဲ့ ခေါင်းပေါ်မှာ ထိုင်နေတယ် . . .)

စင်စစ် ရဲရှောင်က မြင်းပုလေး၏ အရွယ်အစား ကြောင့် တန်ဖိုးရှိမှန်း မထင်ခဲ့ပါ။

ထို့ကြောင့် သူလည်း ထွေထူးစဉ်းစားမနေတော့။

မြင်းနက်ကလေး မဲလုံးဟုသာ လွယ်လွယ် နာမည် ပေးလိုက်တော့သည်။

မြင်းကောင်း မြင်းလှများမှာ မြင့်မား၍ ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိရမည် မဟုတ်ပါလား။

သို့သော် သူ့မြင်းမှာမူ အတော်ကို သေးငယ်နေ သည်။

ထိုအချိန်ကလည်း ရဲရှောင်အဖို့ လမ်းမလျှောက် ချင်သည်က အဓိက ဖြစ်နေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၄) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now