၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

7.1K 273 2
                                    

Part 1

၁၉၇၀ ခုနှစ်နောက်ပိုင်း နွေရာသီ၏အပူချိန်သည် နေ့လည်ခင်းပိုင်းတွင် ပို၍ပူလောင်နေသည်။ ခါတိုင်းဒီအချိန်တွေဆိုလျင် ရှန်ရွေ့ ကျေးရွာအဖွဲ့ဝင်များသည် ခဏမျှအနားယူကြသည်။ သို့သော် ယနေ့မှာတော့  သူတို့အားလုံးသည် တပ်မဟာဌာနချုပ်၏ ခြံအနောက်ပိုင်းတွင် စုဝေးနေကြသည်။

လူအုပ်ထဲမှ စူးရှသည့် အော်သံတစ်ခုထွက်ပေါ်လာသည်။

‘’ သူပြန်မလာဘူးဆိုရင် ငါ ပိုးသတ်ဆေးသောက်သေမယ်လို့ပြောလိုက်… ငါ့အလောင်းပဲ သူလာကောက်စေရမယ်လို့….’’

‘‘ ဘုရားရေ… သူမ တကယ်သောက်လိုက်တာလား…’’

‘’ ၁၆၀၅ ပိုးသတ်ဆေးက အရမ်းပြင်းတယ်တဲ့…’’

‘’အာယိုး… အမေရေ… ဒီမှာ လူသေအလောင်းကြီး… အလောင်းကြီးဗျို့…’’

လူအများ အော်ဟစ်နေရင်း တဖြည်းဖြည်းလူအုပ်ကြီးဖြစ်လာသည်။

ခေါင်းဆောင်က အော်လိုက်သည်။ ‘’ သူ့ မိန်းမက သေသွားပြီ… ဒေါက်တာ ချီကျောင်းကို ခေါ်လိုက်ကြ..’’

ပါတီအတွင်းရေးမှုးက သူ့ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။’’ ကြေးနန်းတစ်စောင်သွားပို့လိုက်… ဒါက အရေးကြီးတယ် အခုချက်ချင်းလုပ်…’’

…………..

ခေါင်းကိုက်ပြီးမူးလိုက်တာ … ရေလဲဆာတယ်….

ထိုအရာများသည် လင်းလန် အရက်နာကျခြင်း၏ အကြီးမားဆုံးနောက်ဆက်တွဲဖြစ်သည်။ မနေ့ညက သူမ ခံစားချက်မကောင်းသည့်အတွက် နောက်နှစ်ခွက်ထပ်သောက်ပြီးနောက် သူမ အခန်းကိုပြန်လာကာ အိပ်ပျော်သွားသည်။ တစ်ညလုံး အိပ်မက်ဆိုးများမက်ပြီးနောက် ခေါ်သံများကိုကြားနေရပြီး တံခါးပိတ်သံကိုပါကြားလိုက်ရသည်။

မမျှော်လင့်စွာဖြင့် သူမ နိုးလာချိန်တွင် နောက်ထပ်ကျယ်လောင်သည့် အသံတစ်ခုက သူမ အိမ်မက်ကို အနှောက်အယှက်ဖြစ်သွားသည်။

‘’ဒုတိယအစ်ကို… မာမားက ပိုးသတ်ဆေးသောက်ပြီး တကယ် သေသွားတာလား….’’

‘’ရှူး….. တိတ်တိတ်နေစမ်း… သူတို့ကကြောက်အောင်ခြောက်နေတာ… မာမားက ပါပါးကို အိမ်ပြန်လာစေချင်ယုံပဲ… မြက်ပင်တွေသွားရှင်းရအောင်…’’

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now