၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 152 0
                                    

Part 14

မူလကိုယ်ကလေးဘဝက သူမတွင် ဖန်းဖန်းဟု အမည်ရသော သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။ သို့သော် ထိုအချိန်က သူသည် လုံးဝန်းပြီး ဝတုတ်လေးဖြစ်သည့်အတွက် လူတိုင်းက သူ့အား ဖန်းဖန်းဟု ခေါ်ကြခြင်းဖြစ်သည်။

သူမပြန်တွေးကြည့်မှ တော်တော်ထူးဆန်းမှန်း သိလိုက်သည်။ ၁၉၅၀ ဝန်းကျင်၌ အစာရေစာမလုံလောက်သလို နေစရာလည်းရှားပါးသည့်အတွက် လူတိုင်း သက်တောင့်သက်သာနေထိုင်ခဲ့ရခြင်း မရှိချေ။ မသေချာသော အကန့်အသတ်ရှိသည့် အစာရေစာများကြောင့် လူတိုင်းပိန်ပါးခြောက်ကပ်သော အသွင်အပြင်သာရှိကြသော်လည်း ထိုသို့သောအခြေအနေမျိုးအောက်တွင် ဖန်းဖန်းမှာ ဝကစ်ဆူဖြိုးနေခဲ့သည်။

ထူးဆန်းလွန်းသဖြင့် ထိုကလေး တစ်နေ့ကို ကြက်ဥ ၁၀လုံးစားနေသလားဟု လူတိုင်းက ကြိတ်ပြီးတွေးမိခဲ့ကြသည်။

ထိုခေတ်က မိသားစုဝင်နှစ်ဦးလျှင် ကြက်တစ်ကောင်သာ မွေးခွင့်ရှိသည်။ သူ့မိသားစု၏လူအရေအတွက်နှင့်ဆိုလျှင် ကြက်နှစ်ကောင်လောက် မွေးခွင့်ရှိမည် ဖြစ်သော်လည်း သူ့အဖွားသည် အံ့သြဖို့ကောင်းစွာ ကြက်၆ကောင်အား အသာလေးမွေးထားနိုင်ပြီး ထိုလုပ်ရပ်အတွက် ဘယ်သောအခါမှ အဖမ်းခံခဲ့ရခြင်းမရှိခဲ့။ သူမအလိုချင်ဆုံးသောအရာမှာ သူမ၏တစ်ဦးတည်းသောမြေးလေးအား ဝအောင်စားစေချင်၍ဖြစ်ခဲ့လိမ့်မည်။

သူမ တစ်ခြားမှတ်ဉာဏ်တစ်ခုကို ပြန်ဖော်မိသည်_  မူလကိုယ်အသက်၈နှစ်အရွယ်၌ သူမ စတင်အလုပ်လုပ်ခဲ့ရပြီး ယန်ဖန်းဖန်လည်း ကျောင်းသို့‌စတက်ခဲ့ရသည်။ ထိုကာလ၌ ယောက်ျားလေးနှင့် မိန်းကလေးများသည်  တစ်ဦးနှင့်တစ်ဦး ရင်းနှီးခြင်းမရှိဘဲ ခပ်ကွာကွာနေကြပြီး အတူတူရှိကြသောအခါ တခြားကလေးများ၏ စနောက်ခြင်းကို ခံရတတ်သည်။

တစ်ဦးနှင့်တစ်ဦး နမ်းမိလျှင်ဖြစ်စေ၊ ဖက်မိလျှင်ဖြစ်စေ မိန်းကလေးများဗိုက်ကြီးတတ်သည်ဟု ရိုးစင်းစွာတွေးတတ်ကြသော ကလေးငယ်များအနေဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးခပ်ကွာကွာနေခဲ့ကြပြီး မိန်းကလေးနှင့်ယောက်ျားလေးတို့၏ ဆက်ဆံရေးကိုအစပြုချင်မှသာ နှစ်ဦးသား တွဲသွားတွဲလာလုပ်လေ့ရှိသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now