၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

2K 135 0
                                    

Part 126

လုံခြုံရေးမူးခေါင်းဆောင်က စိတ်မရှည်တော့ကာ ပြောလိုက်သည် ။

" အုပ်ချုပ်ရေးမူးကအရမ်းဒေါသထွက်နေပြီးသား ခင်ဗျားဒီလိုဆက်လုပ်နေမယ်ဆိုရင် ခင်ဗျားရဲ့သားနဲ့အတူထောင်ထဲမှာ အတူတူသွားနေရမယ် "

ယုဝူဇီက လူထုအမြင်အားအသုံးချ၍ သူမ၏သားအတွက်အခွင့်ကောင်းယူခဲ့လိုသော်လည်း အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့သည် ။ သူမ၏သားအား ကိုယ်လွတ်ရုန်းရန် မကူညီနိုင်သည့်အပြင် သူမပါကြားညပ်တော့မလိုဖြစ်နေသောကြောင့် ဆက်လက်ခေါင်းမာ၍မရတော့ပေ ။

သူမက လင်းလန်အား စူးစိုက်ကြည့်ကာ စိတ်မပါလက်မပါထွက်သွားရန်ခြေလှမ်းလိုက်သည် ။ သို့သော်လည်း လင်းလန်ကလှမ်းတားလိုက်သည် ။

" နေဦး "

ယုဝူဇီ ကလင်းလန်အား လှည့်ကြည့်ကာအော်လိုက်သည် ။

" ဘာလဲ "

" ရှင်က ဘာကိစ္စကျွန်မကို အပြစ်လာတင်နေရတာလဲ... ရှင့်သားက သူများအိမ်ကပစ္စည်းခို့ဖို့ကြံတာကိုတောင်ရှင်က မှန်တယ်ထင်နေတာလား... ကောင်းပြီ! ရှင်ကျွန်မရဲ့ ဒေါသကိုလာဆွတာအောင်မြင်တယ် ရှင့်သားအပြစ်ပေးမခံရမချင်းမကျေနပ်နိုင်ဘူး... "

လုချွမ်းဖန်က သူမ၏အမေအား ကူညီရန်ရောက်လာကာ လင်းလန်အားတုန်ရီနေသည့်လေသံနှင့်ပြောလိုက်သည် ။

" နင်...နင်လုပ်ရဲလား ...နင်ဆုံးဖြတ်နိုင်တဲ့အရာမဟုတ်ဘူး...အုပ်ချုပ်ရေးမူးနဲ့ကောင်စီကဆုံးဖြတ်ပေးလိမ့်မယ် "

လင်းလန်က မျက်စောင်းထိုးရင်းပြောလိုက်သည် ။

" နင်သိသားဘဲ ... ကောင်စီကသေသေချာချာကိုဆုံးဖြတ်မဲ့အပြင် နင်တို့မိသားစုအကြောင်းကိုပါ စေ့စေ့စပ်စပ်စုံစမ်းကြဦးမှာ...မကောင်းတာတွေလုပ်ထားရင်အကုန်ပေါ်မှာနော် "

" နင်ပေါက်ကရတွေပြောနေတာ နင်တို့အိမ်ရဲ့ အငယ်ဆုံးကတောင်ဒီကိစ္စထဲမှာပါသေးတာဘဲလေ သူလဲအပြစ်ခံရမှာပေါ့ "

လင်းလန်က မျက်ခုံးပင့်ကာပြောလိုက်သည် ။

" ဒါကလဲ မိသားစုခွဲထွက်ရတဲ့အကြောင်းတစ်ခုဘဲလေ နင်တို့ ကိုယ်ရွာထဲကအိမ်မှာကိုယ်ပြန်ခိုးဖို့ကြံနေတဲ့လူတွေကို သနားသင့်လားဆိုတာ ခရိုင်ညွှန်ကြားရေးမှူးနဲ့ ပြည်သူ့လုံခြုံရေးဗျူရိုကညွှန်ကြားရေးမူးတို့ကိုသွားမေးလေ တကယ်လို့သူတို့ကအပြစ်မပေးသင့်ဘူးလို့ပြောရင် ငါကိုယ်တိုင်ထပ်တိုင်တန်းမယ် "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now