၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 127 0
                                    

Part 149

ယွမ်တစ်ထောင်ဖြင့် အခန်းသုံးခန်းထက်ပိုမိုဆောက်လုပ်၍ရနိုင်ပြီး ခြံဝန်းတစ်ခုတည်ဆောက်ရန်ပင်လိုလောက်သည် ။

စွန်းကျောက်ဝမ်က ဟန်ချင်စုန့် ၏စကားအားကြားသောအခါ၌ သူ၏မနာလိုစိတ်ကိုထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပေ ။ သူတို့အားလုံးမှာ အခန်းတစ်ခန်းသို့မဟုတ် နှစ်ခန်းသာပါဝင်သောအများသုံးအဆောင်များတွင် မိသားစုလိုက်ငှားရမ်းနေထိုင်ကြရသည် ။ လူများစွာကြပ်သိပ်နေထိုင်ကြရပြီး အဆင်မပြေသောကြောင့် မွေးရပ်မြေနှင့်နီးစပ်သောသူများမှာအိမ်သို့ပြန်ကြပြီး အခြားဒေသများတွင်နေထိုင်သူများအဖို့ အဆောင်များတွင်နေထိုင်ကြရရုံမှတစ်ပါးရွေးချယ်စရာမရှိပေ ။

စွန်းကျောက်ဝမ်၏အိမ်မှာ ကွန်မြူနတီနှင့်အလှမ်းဝေးသည့်အပြင် မြို့ပြအိမ်ထောင်စုစာရင်းမရှိ၍ အဆောင်တွင်သာငှားရမ်းနေထိုင်ရသည် ။

" လုံခြုံရေးဗျူရိုက အရမ်းရက်ရောပေမဲ့ ငြီးငွေ့ဖို့ကောင်းတယ်် "

ဟန်ချင်စုန့်က ပြောလိုက်သည် ။

" ဒါဆိုရင် စစ်တပ်ထဲဝင်လိုက်လေ တပ်ထဲမှာဆိုသေချာပေါက်မပျင်းရတော့ဘူး "

စကားပြောပြီးနောက် ဟန်ချင်စုန့်က အိတ်ကိုဆွဲ၍ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေး သမဝါယမရုံးသို့သွားရန်ထလိုက်သည် ။

စွန်းကျောက်ဝမ်က ဒေါသတကြီးဖြင့်စားပွဲကိုလက်နှင့်ရိုက်ရင်းပြောလိုက်သည် ။

" သူ့ကိုကြည့်စမ်းပါဦး ငါတို့ကိုမျက်လုံးထဲထည့်တာမဟုတ်ဘူးတွေ့လား ရွံ့ပေနေတဲ့စစ်သားတစ်ယောက်ကဘာလို့ဒီလောက်ထိ လာမောက်မာပြနေရတာလဲ "

ဟွမ်ဝေကျုံးက စွန်းကျောက်ဝမ်အား ညွှန်ကြားရေးမှူးအသစ်နှင့်ပြဿနာမဖြစ်စေချင်သောကြောင့်လေသံအေးအေးနှင့်ဖျောင်းဖျလိုက်သည် ။

" တပ်ခွဲမူးရာထူးကနေပြောင်းလာတဲ့လူနော် မင်းရန်သွားမစသင့်ဘူး "

ဟွမ်ဝေကျုံးက ဟန်ချင်စုန့်၏ဆုံးဖြတ်ချက်အား ထောက်ခံလေသည် ။ ပြောင်းရွေ့ကြေးလက်ထဲရှိသည့်အချိန်တွင် အိမ်ဆောက်ထားခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ပင် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now