၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 146 0
                                    

Part 36

လင်းလန်က သူမအလုပ်မသွားခင် မနက်စာတစ်ကိုက်နှစ်ကိုက်လောက် သွားမစားရသေးခင်အချိန်ထိ စောင့်ကြည့်နေခဲ့ပေသည်။သူမလက်မောင်းကနာကျင်မှုကြောင့် ပေါင်းသင်ဖို့ တူးရွှင်းပြားကြီးကို မ မနိုင်ပေ။ထို့ကြောင့် ဝါဂွမ်းခင်းဆီသို့သွားကာ ခရင်းခွဖြင့် ပိုးကောင်ကောက်ဖို့ သွား‌လိုက်‌၏။

ထိုနေရာတွင် ဆေးဖျန်းနေသည့် လူတချို့ရှိနေသေးကာ 1605ဆေးပြားအနံ့က ဆယ်မိုင်အကွာလောက်ကတောင် အနံ့ရနေပေသည်။ထိုအနံ့ကို လင်းလန်မကြိုက်တာကြောင့် သူမစိတ်ထဲ မသက်မသာခံစားလိုက်ရသည်။ထို့ကြောင့် သူမကိုယ်သူမ နေ့လယ်နေပူကြီးထဲတွင် အလုပ်မြန်မြန်ပြီး‌ဖို့ တွန်းအားပေးလိုက်ကာ အလုပ်ပြီးသောအချိန်တွင် သူမက ပေါက်ကွဲလုနီးပါး ခေါင်းတစ်ခြမ်းကိုက်လာတာကြောင့် အလျင်အမြန်ဘဲ ဝါခင်းထဲကနေ ထွက်သွားလိုက်လေ၏။

(Tn: 1605ဆေးပြားဆိုတာက ဆေးဘက်အသုံးအနှုန်းတစ်ခုပါ၊ butalbital , acetaminophenနဲ့ caffeine ဆေးပြားတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါ )

သူမပြန်လာတဲ့အချိန်တွင် တဲတွေဆီသို့သွားကာ ဘယ်လိုအခြေအနေရှိလဲ တစ်ချက်သွားကြည့်လိုက်လေသည်။ထိုနေရာတွင် ဟန်ချင်စုန့်က ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ ရွှံ့စေးဝါများ ပစ်နေတာကိုတွေ့လိုက်ရပေသည်။

သူက စွပ်ကျယ်အင်္ကျီကိုဝတ်ထားပေသည်၊  သူ့ချွေးစက်များက  နေရောင်အောက်တွင် ဆီလိမ်းထားသကဲ့ပင်ဖြစ်နေကာသူရဲ့ သန်မာသော လက်မောင်းကြွက်သားတွေကို ဖော်ပြနေလေ၏။

သူက ခေါင်မိုးပေါ်မှနေ လင်းလန်ကိုတစ်ချက်ကြည့်လိုက်လေသည်။ထို့နောက် သူက  လျှောချလာပြီး  သွက်လက်ကျွမ်းကျင်စွာ ခုန်ချလိုက်လေသည်။

လင်းလန်က သူ့ကြောင့် ရင်သပ်ရှူမောသွားကာ သူမနှလုံးသားက ရင်ဘတ်ထဲကနေ ပါးစပ်က ထွက်လာတော့မလိုပင် ခံစားလိုက်ရလေသည်။
ဒီလိုခုန်ချလိုက်လို့ သူ့ရဲ့ဒဏ်ရာဟောင်းတွေက ပြန်ပွင့်ထွက်လာရင် ဘယ်လိုလုပ်မလဲ။

ဟန်ချင်စုန့်က သူမဆီသို့ ခြေလှမ်းသုံးလှမ်းလောက်ဖြင့်သာ ရောက်လာလေသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now