၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 177 0
                                    

Part 97

ဒုတိယချွေးမဟန်က သူမကိုယ်သူမ အမွှန်းတင်ရန်လည်းမမေ့ပေ ။

" အမေရဲ့ပိုက်ဆံသေတ္တာကလုံခြုံပါတယ် ကျွန်မရှိသရွေ့ လင်းလန် ယူမသွားနိုင်ပါဘူး ။ ကျွန်မအသည်းအသန် ကာကွယ်ထားလို့ အဲ့ဒီအရူးမ မယူသွားနိုင်တာ "

အဖွားကြီးဟန် ကသူမ၏ပိုက်ဆံများနှင့် လက်မှတ်များအား ဤသေတ္တာလေးအတွင်းသိမ်းထားသည်ကိုသူမသိသည် ။ အဖွားကြီးဟန် ကရုတ်တရက်ပင် ဒုတိယချွေးမအားတွန်းထုတ်ကာ ဗီဒိုထဲသို့အရူးလိုမွှေနှောက်ရှာတော့သည် ။

အဝတ်များက ရူပ်ပွနေခဲ့ပြီးအထဲတွင် ဘာဆိုဘာမျှမကျန်ခဲ့တော့ပေ ။

" ဘုရားရေ... "

အဖွားကြီးဟန် အော်ဟစ်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးချာချာလည်ကာ မူးလဲသွားတော့သည် ။

ဒုတိယချွေးမဟန်က မစဥ်းစားတတ်တော့ချေ ။

သူမသေတ္တာကို သေသေချာချာကာကွယ်ထားခဲ့ပါတယ်!

ဒါတောင်ဘာလို့ အဖွားကြီးကမူးလဲသွားရသေး တာလဲ?

သူ့မအခြေအနေကိုဆက်မစဥ်းစားနိုင်တော့ကာ အဖွားကြီးဟန် ထံသို့အမြန်ပြေးပြောလိုက်သည် ။

" အမေ....အမေ..."

အဖိုးကြီးဟန်က အဖွားကြီးဟန်၏ ခိုးဖွက်ထားသည့်ပိုက်ဆံများအခိုးခံ လိုက်ရသောကြောင့် ဒေါသထွက်လွန်ပြီးမူးလဲသွားသည်ဟုထင်လိုက်သည် ။သို့သော်လည်း ပထမချွေးသည်နားမလည်နိုင်သေးချေ ။

ပိုက်ဆံသေတ္တာကြီးတစ်ခုလုံးမျက်စိရှေ့မှာရှိနေတာတောင် ဘာလို့မူးလဲသွားရတာလဲ?

ဟန်ကျင်းယုက ဗီဒိုထဲအားလှမ်းကြည့်လိုက်သည့်အခါ စောင်မရှိတော့ကြောင်းတွေ့လိုက်ရသည် ။ ထိုစောင်များသည် တတိယအစ်ကိုပြန်ယူလာသည်ဖြစ်၍ လင်းလန်ယူသွားနိုင်သည်က အဆန်းမဟုတ်ချေ ။ စောင်တစ်ထည်ကြောင့် သူမ၏အမေ သတိလစ်သွားရသည့်အကြောင်းအရင်းအား သူမလည်းနားမလည်နိုင်ချေ ။

အဖိုးကြီးဟန်က အဖွားကြီးဟန်အား ကုတင်ပေါ်တွဲတင်လိုက်ကာ စိတ်ငြိမ်သွားစေရန် ရင်ဘတ်ကိုအသာပုတ်ပေးနေခဲ့သည် ။ သို့သော်လည်းအဖွားကြီးဟန်က စိတ်မငြိမ်နိုင်သေးကာ ထအော်နေခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now