၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 148 0
                                    

Part 104

မနက်စာစားသောက်ပြီး အလုပ်သွားသည့်အချိန်တွင် ကျေးလက်ဆရာဝန်က စန်းဝမ်ခုန်ပေါက်နေသည်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည် ။

" ကလေးတွေက ကိုယ်ခံအားတကယ်ကောင်းတာပဲ တစ်ညလောက်အိပ်လိုက်တာနဲ့တက်ကြွလာကြရော အသက်ကြီးလာလေတစ်ခုခုဆိုပိုခံစားရလေဖြစ်နေတယ် "

ထို့နောက်တွင် ကျေးလက်ဆရာဝန်က ဟန်ကျင်းပေါင် အကြောင်းဆက်ပြောခဲ့သည် ။#wife.  

ဟန်ကျင်းပေါင်၏ ခြေချောင်းများသည်အားပြင်းပြင်းဖြင့်ဖိကြိတ်မိသောကြောင့် မကျိုးခဲ့သော်လည်း နာကျင်မူကတော့တစ်သက်မမေ့နိုင်စရာပင်ဖြစ်သည် ။

ဆေးရုံသို့ရောက်သည့်အချိန်တွင် အနည်းငယ်သက်သာခဲ့သော်လည်း ခံစားရအခက်ဆုံးအပိုင်းမှာ ညအိပ်ချိန်တွင်စလေသည် ။ ညအချိန်တွင် အလွန်အမင်းကိုက်ခဲလာတတ်ကာ ပတ်တီးစည်းထားသောကြောင့် ကုတ်ဖဲ့၍မရပေ ။

တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ကာ ဟန်ကျင်းပေါင်၏ အော်ဟစ်ညည်းညူသံအား တစ်ရွာလုံးကြားနေခဲ့ရသည် ။

လင်းလန် ကနာလွန်း၍သေသွားလျှင်ပို၍ပင်ပျော်ရွှင်ဦးမည်ဖြစ်သည် ။ သူမက စန်းဝမ်နှင့်ရှောင်ဝမ်ကို အိမ်တွင်ထားခဲ့ပြီး မိုင်စွေ့နှင့်အားဝမ်တို့က မြက်နုတ်ရန်သွားခဲ့ကြသည် ။ နေ့လည်ခင်းအလုပ်နားချိန်တွင်တော့ နေ့လည်စာချက်ရန်သာရှိသည် ။

မနက်ခင်းတစ်ခုလုံး ဟန်မိသားစုနှင့်လင်းလန်၏ ရန်ပွဲအား လူတိုင်းပြောနေကြသည် ။ မိသားစုတွင်းရန်ပွဲမှ သွေးထွက်သံယိုဖြစ်ခဲ့သည့်အပြင် ခရိုင်ဆေးရုံသို့ပါရောက်ခဲ့လေရာ တစ်ရွာလုံးမသိတာကမှထူးဆန်းနေဦးမည် ။

ရန်ပွဲ၏အဓိကအကြောင်းအရာကို တစ်ယောက်တစ်မျိုးစီ ခန့်မှန်းပြောဆိုနေကြသည် ။ တစ်ခုမှာ လင်းလန်က ဟန်မိသားစု၏ချွေးမများအား သတ်ရန်ကြိုးစားခဲ့သည်ဖြစ်ပြီး တချို့ကတော့ ဆွေမျိုးခန်းဖြတ်ရန်အတွက် သောင်းကျန်းသည်ဟုပြောကြသည် ။

အဖွားကြီးဟန်၏ ကြက်မများမှာ သေလုနီးပါပင်ဖြစ်ခဲ့သည်ဟုလည်းပြောဆိုကြာကာ လင်းလန်ကဒေါသတကြီးဖြင့် အိုးကိုလက်သီးနှင့်ထိုးခွဲလိုက်သည်ဟုလည်းပြောဆိုနေခဲ့ကြသည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Tempat cerita menjadi hidup. Temukan sekarang