၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 149 0
                                    

Part 56

လင်းလန်က အဖိုးကြီး၏ မှောင်မှိုင်းအိုစာနေသော မျက်နှာကိုကြည့်လိုက်သည်။ထိုအရာက အချိန်ကာလတစ်ခုကို ဖြတ်ကျော်လာရသကဲ့သို့ပင်ဖြစ်သည်။ ‌ဘယ်လိုဘဲဖြစ်ဖြစ် သူမတွင် အဖိုးကြီးဟန်နှင့် ပတ်သက်၍ ဆန့်ကျင်ချက်များရှိမနေပေ။ သူက အရည်အချင်းပြည့်ဝသော ရွာသူကြီးဟောင်းတစ်ယောက်ဖြစ်ကာ စကားကိုလည်း များများစားစားမပြောတတ်ပေ။သူက လုံ့လဝီရိယရှိကာ စွမ်းဆောင်ရည်ရှိပေသည်။ထို့အပြင် သူက ကြင်နာတတ်သော လူတစ်ယောက်လည်းဖြစ်၏။ သူကောင်းကောင်းမလုပ်နိုင်ခဲ့သော တစ်ခုတည်းသောအရာမှာ အဖွားကြီးအား မထိန်းနိုင်ခဲ့တာပင်ဖြစ်သည်။。。。မှန်ပေသည်၊ ထိုအရာကို သူ့မိန်းမကို အရမ်းချစ်ခဲ့လို့ဟူ၍ ပြောင်းပြန်မှတ်ယူ၍လည်း ရပေသည်။

လင်းလန်က အဖိုးကြီး၏ ‌သဘောဆန္ဒအတိုင်း မျောပါလိုက်ပေးတော့အချိန်မှာဘဲ အဖွားကြီးက အကြီးအကျယ် မှားယွင်းခံထားရသကဲ့သို့ပင် အိမ်ထဲမှာ ပြေးထွက်လာလေသည်။

‘‘ကျွန်မက ‌ယောက္ခမတွေကို ပြုစုလုပ်ကျွေးရတဲ့ ချွေးမဘဝမှာတုန်းက ကျွန်မလည်းပဲ နေ့တိုင်းလိုလို ခံစားရခဲ့တာပါ。。。အဲဒီတော့ရော၊ ဘာဖြစ်လဲ ကျွန်မက ရှင့်ကို တစ်ခုခုကိုမကျေမနပ် လာညည်းညူခဲ့ဖူးလို့လား။ အမယ်လေးတော်。。。’’

ဤသို့ဖြင့် လင်းလန်က ဒီအကျပ်အတည်းမှာ ချောင်ပိတ်မိတာကို ဖြတ်တောက်လို့ရမှာမဟုတ်သေးဘူးလို့ တွေးလိုက်မိကာ သူမက ညင်သာစွာပင်ပြောလိုက်လေ၏။

‘‘အဖေ ပြန်ရောက်လာပြီပဲ。。အခုဘဲ သမီးက ကလေးတွေစားဖို့အတွက် သွားလုပ်တော့မလို့၊ ပြီးရင်လည်း အလုပ်သွားလုပ်ဖို့လိုသေးတယ်。。’’

ထိုသို့ပြောပြီးနောက် လင်းလန်က ရှောင်ဝမ်ကို ခေါ်ကာ ထွက်သွားလေသည်။

သူတို့အားလုံး သွားကြပြီဆိုတာကို မြင်လိုက်ရပြီးနောက် ဟန်ချင်စုန့်လည်း သူ့‌အဖေကို နှုတ်ဆက်လိုက်ကာ အိမ်ပြန်ဖို့လုပ်လိုက်လေသည်။

ဟန်မိသားစု၏အကြီးဆုံးအကိုက သူတို့အဖေမျက်နှာသည် တဖြည်းဖြည်း ပိုပိုပြီး မသာမယာဖြစ်လာသည်ကို မြင်လိုက်ရသောအခါ သူ့ညီအား မိသားစု၏ ဂုဏ်သိက္ခာကို ဂရုစိုက်ရန် သိမ်းသွင်းဖို့ ကြိုးစားလိုက်လေသည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကဒီလိုကြီးသာ ထွက်သွားကြမည်ဆိုလျှင် ဤမိသားစုအတွက် အမှန်တကယ်ပင် အရှက်ရစရာဖြစ်သွားနိုင်ပေသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now