၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 167 0
                                    

Chapter 60

ယခုကိစ္စမတိုင်မှီက လင်းလန်သည် မူလကိုယ်၏ကလေးတွေနှင့် ရင်းနှီးမူမရှိသေးဘဲ သူမရှင်သန်နိုင်ဖို့အရေးသာလုံးပန်းနေခဲ့ရသည် ။ ယခုမူ အဖွားကြီးဟန်၏ ဘက်လိုက်ကာမမျှတမူတွေက အရမ်းလွန်လွန်းနေသောကြောင့် လင်းလန်အရမ်းဒေါသထွက်နေသည် ။

သူမကသေချာပေါက်ကို အနာဂတ်အတွက်တိုက်ခိုက်ရမည်သာမက အတိတ်ကရပိုင်ခွင့်များကိုပါသေချာပေါက် ပြန်လည်ရယူရမည်ဖြစ်သည် ။

အဖွားကြီးဟန်အား အားရပါးရပြန်လည်ပြောဆိုပြီးသည့်နောက်တွင် လင်းလန်သည် ရေပူစမ်းတွင်စိမ်နေရသကဲ့သို့ ပေါ့ပါးနေကာ အရမ်းကိုအားရကျေနပ်နေတော့သည် ။

အဖွားကြီးဟန်က ပြစ်တင်ပြောဆိုကာ ကျိန်ဆိုနေပါသော်လည်း လင်းလန်က နည်းနည်းလေးမျှပင်ဂရုမစိုက်ချေ ။ သူမက သီချင်းလေးပင်ခပ်တိုးတိုးညည်းနေပြီး လက်ပြကာထွက်သွားလေသည် ။

အဖွားကြီးဟန်က ဒေါသထွက်လွန်း၍ အနွေးအိပ်ရာပေါ်မှာတောင် ထိုင်မနေနိုင်တော့ဘဲ လန်လင်းကိုလက်ညိုးထိုးကာကျိန်ဆဲနေတော့သည် ။

လန်လင်းက ဒုတိယချွေးမကို ပြုံးပြီးကြည့်ကာပြောလိုက်သည် ။

" ဖြည်းဖြည်းစားနော်ယောင်းမ နင်နေပါဦးမယ်..

"

သူမအိမ်တံခါးဝသို့ရောက်သည့်အခါမှာတော့ အားဝမ်က တံခါးဝကနေအိမ်ထဲကို စပ်စုစွာခေါင်းပြူကြည့်နေပြီး မိုင်စွေ့က အားဝမ်နဲ့နှင့်အတူ ခြံဝန်းထဲတွင်ဆော့ကစားနေခဲ့သည် ။ သူမအပြင်ထွက်လာသည်နှင့် ကလေးအားလုံးက သူမကို တစ်ပြိုင်နက်တည်းကြည့်နေကြသည် ။

ဝါး.....တကယ်ကြီး အဖွား ကိုဆူနိုင်တဲ့သူရှိသေးတာဘဲ!

လန်လင်းက သူမကလေးတွေရဲ့ သူမအပေါ်အထင်ကြီးနေမူကိုမြင်လိုက်ရသောကြောင့် ရင်ထဲနွေးသွားကာပြောလိုက်သည် ။

" အဆင်ပြေသွားပါပြီ လာကြ အိမ်ပြန်ပြီးပန်ကိတ်စားကြရအောင်... "

လင်းလန်က ကလေးတွေကို သူမနှင့်အတူအိမ်ပြန်ခေါ်သွားသည်အား ဟန်ချင်းစုန့် သိလျှင်သူမကို ရန်လာတွေ့မည်လောသိချင်မိသည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်حيث تعيش القصص. اكتشف الآن