၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 140 0
                                    

Part 121

လင်းလန်၏အစီအစဥ်မှာ ပထမသားကောင်၏နောက်တွင်ရှိနေသော သူခိုးများကို ခြောက်လှန့်ရန်ဖြစ်ပြီး အိမ်တွင် လူအရိပ်အယောင်မရှိဟု သူတို့ထင်လာအောင် လုပ်ခြင်းဖြစ်သည်။

ထို့ကြောင့် ဟန်ချင်စုန့် အချိန်မှီပြန်မရောက်ခဲ့လျှင်တောင် သူမ လုံးဝ မကြောက်ပေ။

သူခိုးများ လူသတ်သည်အထိ မကျူးလွန်သ၍ တခြားရွာသားများသိအောင် အော်ဟစ်အကူအညီတောင်းသည်မှာ လွယ်ကူပေသည်။ သို့သော် ထိုမျှ အန္တရာယ်ကြီးလောက်သည်အထိတော့ ဖြစ်မည်မဟုတ်ပေ။

တဝမ်သည် စောနကတည်းက မည်သည့်စကားမှမပြောတော့ဘဲ ချက်ချင်းဖျာပေါ်လှဲချပြီး အိပ်ရာဝင်တော့သည်။ အားဝမ်, မိုင်စွေ့နှင့်ရှောင်ဝမ်တို့သည် အစက တက်ကြွနေသေးသော်လည်း ဖျာပေါ်လှဲပြီးပြီးချင်း တန်းအိပ်ပျော်သွားကြတော့သည်။

တစ်ဖက်၌မူ ဟန်ချင်စုန့်တစ်ယောက်တော့ အနည်းငယ်ထိတ်လန့်ဆဲဖြစ်နေသေးသည်။ သူသည် ဝင်းနံရံကို ပိုမိုမြင့်မားပြီး ပိုမိုခိုင်‌ခံ့အောင်အဂႅရေနှင့်ပြောင်းလဲဆောက်လုပ်သည်က ပိုမိုကောင်းလိမ့်မည်ဟု တွေးနေခဲ့သည်။ ထို့နောက် ဤနေရာသည် နေဖို့အတွက် ချောင်ကျပြီး ပတ်ဝန်းကျင်လည်း လုံခြုံမှုသိပ်မရှိသဖြင့် တဝမ်နှင့်အားဝမ်ကို လေ့ကျင့်‌ရေးပေးရန် စဥ်းစားလိုက်သည်။ ယခုလိုသူခိုးများ အိမ်ရှေ့၌ပြန်ပေါ်လာခဲ့သည်ရှိသော် တစ်မိသားစုလုံး ဘာမှကြောက်စရာမလိုအောင် သူတို့နှစ်ယောက်အား ယခုထက်ပို၍မာမာထန်ထန်ဖြစ်အောင် လေ့ကျင့်ပေးချင်သည်ဖြစ်သည်။

အချိန်ခဏလေးအတွင်း၌ အတွေးပေါင်းများစွာ သူ့ဦးနှောက်ထဲ ဖြတ်ပြေးနေသော်လည်း မျက်နှာအမူအရာသည်တော့ ပြောင်းလဲခြင်းအလျင်းမရှိပေ။

သူ ခြေထောက်ရေဆေးပြီးချိန်၌ အပြင်ဘက်မှ တအီအီညည်းတွားသံများကလည်း အနည်းငယ်တိတ်ဆိတ်လို့သွားခဲ့ပြီဖြစ်သည်။

လင်းလန်က အားဝမ်ဘေးတွင် ဂွမ်းစောင်ကိုခင်း၍ သူ့အတွက်နေရာလုပ်ပေးသည်။

ဟန်ချင်စုန့် : "..."

ကလေးများအားလုံး ဂွမ်းစောင်မဟုတ်ဘဲ အိပ်ရာခင်းသာခြုံထားကြမှန်း မြင်လိုက်ရသောအခါ ဟန်ချင်စုန့်မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now