၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 130 0
                                    

Part 145

ဟန်ချင်စုန့်က ခြံဝန်းထဲသို့တစ်ချက်လှည့်ပတ်ကြည့်လိုက်သောအခါ အိမ်ဆောက်ရန်ပြင်ဆင်ထားသောပစ္စည်းများကိုတွေ့လိုက်ရသည် ။ ဆောင်းဦးရာသီရိတ်သိမ်းချိန်ဖြစ်သော စက်တင်ဘာနှင့်အောက်တိုဘာလအထိစောင့်ဆိုင်းခဲ့ရသော်လည်း ယခုမူပိုက်ဆံပြတ်လပ်ခြင်းမရှိတော့သည့်အတွက် အလုပ်သမားအများအပြားငှားရမ်း၍ အမြန်ဆုံးအပြီးသတ်ဆောက်လုပ်မည်ဖြစ်သည် ။

အခက်အခဲဆုံးအပိုင်းမှာ ပစ္စည်းများကိုပြင်ဆင်သောကြာချိန်ပင် ။ ထို့နောက်တွင် အိမ်နံရံနှင့်ဆန့်ကျင်ဘက်အနေအထားကိုရွေးချယ်၍ ယာယီထင်းတဲတစ်လုံးဆောက်လုပ်တော့သည် ။

စက်ဘီးနှင့်အချို့သော အိမ်သုံးပစ္စည်းများပါထားသိုနိုင်ရန် နေရာကျယ်ကျယ်ဆောက်လုပ်ရန်ပြင်ဆင်သည် ။ တောင်ဘက်တံတိုင်းကိုတစ်ဖက်ခြမ်းတွင် အကာအရံထား၍အမိုးနှင့်ဘေးဖက်နံရံနှစ်ဖက်အား ကျူပင်နှင့်ကောက်ရိုးတို့ဖြင့်အထပ်ထပ်ကာရံကာမိုးလုံအောင်စီမံထားသည် ။

လင်းလန်လည်းဝိုင်းဝန်းကူညီနေပြီး အစ်ကိုကြီးဟန် နှင့် ဟန်ချင်းယွမ်လည်းလာရောက်ကူညီသည် ။ အစ်ကိုကြီးဟန် နှင့်ဟန်ချင်းယွမ်တို့မှာညစာကျွေးသည်ကိုငြင်းဆန်ကာ အမြန်ပြန်သွားကြသည် ။

ဟန်ချင်စုန့်က မိုးစိုသွားသောကောက်ရိုးများအား နေလှန်းရန် ကူညီပေးသည် ။ မိုးရေစိုသွားသောကောက်ရိုးများမှာ ခြောက်သွေ့အောင်မလှန်းပါက ရက်အနည်းငယ်အတွင်းတွင် မြေသြဇာပြုလုပ်နိုင်သောအခြေအနေသို့ရောက်ရှိသွားလိမ့်မည် ။

လင်းလန်က သူမအလုပ်နည်းနည်းသာလုပ်ရ၍အလွန်ဝမ်းသာအားရဖြစ်နေသောကြောင့် လက်ခုပ်တီး၍အားပေးနေသည် ။

" ခေါင်းဆောင် ဟန်က အရမ်းတော်တာပဲ ခေါင်းဆောင် ဟန်မလုပ်နိုင်တဲ့အရာဆိုတာမရှိဘူးနော် "

ဟန်ချင်စုန့်က ပြုံးသာပြုံးနေ၍ဘာမျှမပြောချေ ။

...

ကလေးများနှင့်အတူ ညစာစားချိန်တွင် လင်းလန်က အားဝမ်ကို ရေဒီယိုဖွင့်ပြလိုက်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now