၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 166 0
                                    

Chapter 91

တတိယအစ်ကို ဘာလို့အခုမှညီမကိုလာတွေ့ရတာလဲ... အစ်ကိုပြန်ရောက်နေတာ ရက်ပိုင်းလောက်ရှိနေပြီမဟုတ်လား... မြန်မြန် ညီမကို သမဝါယမဆိုင်မှာ ရေဒီယိုတစ်လုံးလောက်လိုက်ဝယ်ပေး..."

ဟန်ကျင်းယု ကတစ်ချက်ကလေးမှပင်မနားဘဲ ဟန်ချင်စုန့်၏ လက်မောင်းကိုတွဲကာဆက်ပြောခဲ့သည် ။

" တတိယအစ်ကိုက အရာရှိဆိုတော့ လက်မှတ်မလိုပဲဝယ်နိုင်တယ်မဟုတ်လားဟင်.. နှစ်ကူးတုန်းက ကျင်းပေါင် ရေဒီယိုဝယ်လိုက်တော့ ညီမလေးအရမ်းစိတ်ဆိုးသွားရတာ အစ်ကိုဝယ်ပေးမယ်မလားဟင် "

" နှစ်ကူးတုန်းက အမေနင်တို့ကို စာပို့လိုက်တယ်လေ အိမ်မပြန်ကြဘူးလား "ဟန်ချင်စုန့်မေးလိုက်သည့်အခါတွင် ကျင်းယုက ပြုံးကာပြန်ပြောလိုက်သည် ။

" တတိယအစ်ကို့ကို လာမတွေ့လို့ညီမလေးကို စိတ်ဆိုးနေတာတော့မဟုတ်ဘူးမလားဟင်... ညီမလေးလာမတွေ့တာက အစ်ကိုကောင်းဖို့အတွက်ပါ

အမေနဲ့ယောင်းမတို့ကအကြီးအကျယ် ရန်ဖြစ်ကြတယ်လို့ ပြောလို့အိမ်ပြန်ရမှာ ရှက်တာနဲ့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်းပြန်မလာဖြစ်တော့တာ တတိယအစ်ကိုမို့လို့ ညီမလေးလာတွေ့တာ တခြားသူတွေ ဆိုရင်ထွက်တောင်တွေ့မှာ မဟုတ်ဘူး ညီမလေးကအလုပ်အရမ်းများတာနော် "

" တဝမ်ဘယ်မှာလဲ မနေ့ကနင့်ဆီပစ္စည်းလာပို့တယ်ပြောပြီး အခုထိအိမ်ပြန်မလာသေးဘူး "

" အဲ့ဒီ့ကလေးလား မသိဘူးလေ.. အမေကဘာလို့မိုင်စွေ့ကိုမလွှတ်လိုက်တာလဲ ညီမလေးရဲ့အဝတ်တွေလျော်ရဦးမယ် "

" မိုင်စွေ့က ကိုးနှစ်ဘဲရှိသေးတာ နင့်ထက်အများကြီးငယ်တယ်နော်! "

" အဲ့ဒါဘာဖြစ်လဲ! သူမကလုပ်ပေးနေရတာကိုပျော်နေတာပဲ မဟုတ်ဘူးလား...ဒီဖိနပ်ပျက်သွားရင် သူမကိုပေးလိုက်မှာဘဲဟာကို... ဒါနဲ့အမေ ညီမလေးကိုဖိနပ်အသစ်ဝယ်ဖို့ ပိုက်ဆံပို့ပေးထားတယ် ဒါပေမဲ့ သွားဝယ်ဖို့မအားတာနဲ့မသုံးရသေးဘူး...ညီမလေးသားမွှေးကုတ်လေးဝယ်ချင်ပေမဲ့ အဲ့တာကယွမ်တစ်ရာကျော်တောင်မှ...."

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now