၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 156 0
                                    

Part 92

ဟန်ကျင်းပေါင်ကပြောလိုက်သည် ။

" တတိယအစ်ကိုတို့က မိသားစုခွဲထွက်တော့မယ်လို့ အမေပြောတယ်မလား...သေချာပေါက်ပစ္စည်းတွေ့လဲခွဲဝေပေးရမှာဘဲ သူတို့မိသားစုဆီကနေအမြတ်မထုတ်နိုင်အောင်လို့ ငါတို့ပြန်ကြည့်ရမယ် တတိယအစ်ကိုက အရင်လိုမဟုတ်တော့တာာ ဟိုမိန်းမသွေးထိုးလို့ဖြစ်ရမယ် "

ပြောလေဒေါသထွက်လာလေဖြစ်ကာ သူ၏သူငယ်ချင်းများရှေ့၌ မျက်နှာမပေးခဲ့သည့် ဟန်ချင်စုန့်၏အပြုအမူအား မကျေမနပ်ဖြစ်နေခဲ့သည် ။ မောင်နှမနှစ်ယောက်တိုင်ပင်ပြီးသည့်နောက်တွင် စတင်ထုပ်ပိုးခဲ့ကြ ပြီးလျှော်ဖွပ်ရမည့်အဝတ်များကိုလည်း အိတ်အပြည့်ယူသွားရန်မမေ့ခဲ့ကြပေ ။

သို့ရာတွင် သူတို့အိမ်မပြန်ခင်မှာပင် အဖွားကြီးဟန်ရောက်လာခဲ့သည် ။ ဒုတိယအစ်ကိုဟန်က စက်ဘီးငှားကာအဖွားကြီးဟန်အား လိုက်ပို့ခဲ့ခြင်း

ဖြစ်ကာ ဟန်ချင်စုန့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမ၏အချစ်ဆုံးသားနှင့်သမီးအားတွေ့ရန် အပြေးလာခဲ့ခြင်းဖြစ်သည် ။ ကျင်းပေါင်နှင့်ကျင်းယုတို့အားတွေ့သည်နှင့် အော်ငိုတော့သည် ။

" အိုက်ယား....ကျန်းပေါင်နဲ့ကျန်းယု နင်တို့ရဲ့တတိယအစ်ကိုက အိမ်မှာရှိသမျှပိုက်ဆံတွေအကုန်ပြန်ယူသွားတယ် "

" ဘာ..."

" ဘာတွေဖြစ်ကုန်တာလဲ "

ကျင်းပေါင်အံ့သြနေဆဲဖြစ် သည့်အချိန်တွင် အဖွားကြီးဟန် ကသူတို့နှစ်ယောက်အားစတင်ဆူပူတော့သည် ။

" မိသားစုခွဲထွက်တဲ့နေ့မှာပြန်လာဖို့ ငါနင့်တို့ရဲ့ဒုတိယအစ်ကိုနဲ့ စာထည့်ပေးလိုက်သားဘဲ နင်တို့သာပြန်လာခဲ့ရင် ပိုက်ဆံတွေပေးလိုက်ရပါ့မလား "

ဒုတိယအစ်ကိုကအမြန်ပင်ဝင်ပြောလိုက်သည် ။

" အဲ့ဒီ့နေ့ ကျွန်တော်လာပြီးကျင်းပေါင်ကိုပြောတော့ သူကလုပ်စရာရှိလို့မလာနိုင်ဘူးပြောတယ် ကျင်းယုနဲ့တော့မတွေ့ခဲ့ရဘူး "

သူမ၏အချစ်ဆုံးကလေးနှစ်ယောက်အား ဖက်ကာ ပိုက်ဆံများပေးလိုက်ရ၍ဘယ်လောက်နစ်နာသွာကြောင်းကို ငိုယိုပြောဆိုပြန်သည် ။ ကျင်းယုနှင့်ကျင်းပေါင်တို့က စိတ်ရူပ်လာကြသော်လည်း ယွမ်တစ်ရာကျော်ပိုက်ဆံဖြစ်၍သည်းခံနေကြသည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now