၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 173 0
                                    

Part 98

လင်းလန်စကားအဆုံး၌ ဟန်ချင်းယွမ်က ထသတ်တော့မလို ဖြစ်နေသော ဟန်ကျင်းယုကို ပြောလိုက်သည်။

" ကျင်းယု နင်နဲ့ကျင်းပေါင်တို့ ရွာမှာရန်ဖြစ်ကြသလိုဘဲဆိုရင်ကိစ္စမရှိပေမဲ့ ခရိုင်ရဲစခန်းမှာဆိုရင်တော့ မတူတဲ့ကိစ္စဖြစ်သွားပြီနော် "

ဟန်ကျင်းယု၏ စိတ်ထဲတွင်တော့ သူမ၏ဆရာတွေပြောပြသည့် အပြစ်ဝန်ခံခြင်းအကြောင်းသာတွေးနေမိသည် ။ ကတုံးတုံးခံထားရပြီး မိမိတို့၏အပြစ်များကို ချရေးကာလည်ပင်း၌ချိတ်ဆွဲထား၍ အရိုက်ခံကြရခြင်းဖြစ်သည် ။ သူမအနေနှင့်ထိုသို့အရှက်ခွဲမူအား ခံနိုင်မည်မဟုတ်ချေ ။

" နင်...နင်...နင် လုပ်ရဲလား "

သူမက အရမ်းတုန်လူပ်နေခဲ့ပြီး ကုတင်စွန်းတွင်ထိုင်နေသည့် ဟန်ရုံဖန်အား အားကိုးတကြီးအကူအညီတောင်းလိုက်သည် ။

" ဦးလေး..ကျွန်မတို့ကို ကူညီပါဦး "

" ငါဒီမှာ အားယားယားကူညီဖို့ထိုင်နေတာမဟုတ်ဘူး "

ဟန်ရုံဖန်က ဟန်မိသားစု၏ ဟန်ချင်စုန်အပေါ် အခွင့်အရေးယူသည်အားမနှစ်မြို့သည်မှာကြာပြီဖြစ်ပြီး အဖွားကြီးဟန် ၏အကျင့်စရိုက်အားလည်း သဘောမကျပေ ။ ထို့အချိန်မှာပင် ဟန်ချင်းယွမ်က အံ့သြတကြီးထအော်လိုက်သည် ။

" ဘုရား...ဘုရား...တကယ်ကိုမယုံနိုင်စရာကြီးဘဲ ပြီးခဲ့တဲ့ဆယ်နှစ်လုံးလုံး အစ်ကို့ရဲ့ အိမ်ပြန်ပို့တဲ့ပိုက်ဆံက 7521 ယွမ်တောင်ရှိတယ် ။ ဒီလောက်ပိုက်ဆံအများကြီးရှိတာ တော်တော်ကံကောင်းတာဘဲ "

လင်းလန်သည်ပင် အနည်းငယ်လန့်သွားခဲ့ရသည် ။ ယွမ်ငါးထောင်နီးပါးသာ ရှိလောက်မည်ဟုထင်သော်လည်း ဤမျှများပြားမည်မှန်း မခန့်မှန်းထားမိခဲ့ချေ ။

သို့ရာတွင် ထိုနှစ်တစ်လျှောက်လုံး၌ ဟန်ချင်စုန့်၏ တရားဝင်လစာအပြင် ဂုဏ်ထူးဆောင်မူများကြောင့် ဆုကြေးငွေများရခဲ့သည်မှာလည်းမနည်းပေ ။ မိမိကိုယ်တိုင် အတွက်သုံးစွဲ ခြင်းမရှိဘဲ ဆယ်စုနှစ်တစ်ခုတိုင်အောင် ရသမျှအကုန်အိမ်သို့သာပြန်ပို့ခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now