၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 133 0
                                    

Part 150

ဟန်ချင်စုန့်က ဝန်ကြီးကျောက် ဆီကိုသွားပြီး သူ့အစားအသောက် ခွဲတမ်းက ရောက်ပြီလားဟုမေးလိုက်၏။

    ဝန်ကြီးကျောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့်  "ဒီမှာ... ငါတို့က အခုကစပြီး ကွန်မြူနတီမှာနေမှာ"

၎င်းနောက် သူကမေးလိုက်သည်။

"ခေါင်းဆောင်ဟန်က ကန်တင်းမှာ စားမှာလား ... အိမ်ပြန်စားမှာလား"

    ဟန်ချင်စုန့်က ပြောသည်။

" များသောအားဖြင့် အိမ်မှာ စားတယ်...မနက်ရော ညနေရော ...တစ်ခုခုဆိုရင် အလုပ်မရှုပ်တော့ဘူးပေါ့"

    မိသားစုတစ်စုလုံး ဝင်းထဲတွင် နေထိုင်ကြသူများမှလွဲ၍ ကန်တင်းတွင် တစ်နေ့လျှင် သုံးနပ်စားနိုင်သည်။ အခြားသူများမှာ အခြေခံအားဖြင့် ဤနေရာမှာပဲ နေ့လယ်စာစားကြပြီး အများစုမှာ အိမ်ပြန်ကြ၏။

    ထိုနည်းအားဖြင့် ဆန်၊ ဆီ စသည်တို့ကို ချက်ပြုတ်ရန် အိမ်သို့ ယူဆောင်နိုင်ပြီး မိသားစု၏ ရိက္ခာကို ထောက်ပံ့နိုင်သည်။

    သူက အလွန်ကို လေးလေးနက်နက် တည်တည်တံ့တံ့ပြောဆိုနေပြီး  ကျေးလက်နေ အောက်ခြေကေဒါများ၏ ရယ်ရယ်မောမော ရောရောနှောနှောနေတတ်ကြသည့် စတိုင် နှင့် လွန်စွာ ခြားနားနေသည်ကို မြင်ရသည့်အတွက် ဝန်ကြီး ကျောက်  လက်ရှိမှာ သူ့ စိတ်နေစိတ်ထားကို နားမလည် နိုင်တော့ပေ။

    "ဗျူရိုမှာ အစားအသောက်တံဆိပ်ခေါင်းတွေမရှိမှန်းသိလို့ ငါ နှစ်ရက်ကြိုပြီး ထုတ်ပေးမယ်...အိမ်ပြန်စားချင်ရင်တော့ ကန်တင်းကိုသွားပြီး အော်ဒါမှာ...ပြီးရင် အစားအသောက် စီမံခန့်ခွဲရေးရုံးမှာ အစားအသောက်တွေ သွားထုတ်လိုက်"

လိုချင်သလောက်ကို ကန်တင်းအဖွဲ့အခေါင်းဆောင်နှင့် စကားပြောပြီးယူရုံသာပင်။

 

ဟန်ချင်စုန့်က  ယခုလနှင့် နောက်လအတွက် သူ၏အစားအသောက် တံဆိပ်ခေါင်းများအားလုံးကို ယူခဲ့ပြီး  ကျန်အားလုံးကိုမူ လူတိုင်းကိုဖြန့်ဝေရန် နှစ်ရက်စောင့်ခဲ့ရသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now