၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 145 0
                                    

Part 40

ယခုအချိန်တွင် ‌လကထွက်မလာသေးချေ။ ကြယ်များကသာ တောက်တောက်ပပထွန်းလင်းနေပြီး ပုစဉ်းရင်ကွဲများနှင့် ဖားအော်သံများနှင့်အတူ လေကလည်း တဖြူးဖြူးတိုက်နေကာ ပတ်ဝန်းကျင်ကို သာယာအောင်လုပ်ပေးနေပေသည်။

တကယ်လို့ မင်းသာ တဝီဝီမြည်နေသည့် ခြင်များကို လျစ်လျူရှုလိုက်မယ်ဆိုရင်ပေါ့။

သူတို့ကခြံဝင်းထဲ ထွက်လာပြီးနောက် ဟန်ချင်စုန့်က အရမ်းမြန်မြန်လျှောက်နေတာကြောင့် သူမက အမှီမလိုက်နိုင်တော့ပေ။သူက သူမကိုလည်း စောင့်မည့်ပုံမပေါ်ချေ။ သူက ရှေ့ကိုဘဲခပ်မြန်မြန်လျှောက်နေကာ ခနလေးအတွင်းမှာပင် သူမအရှေ့မှ ပျောက်ကွယ်သွားလေသည်။

သူမက ဒီလိုသာယာနေသောညမျိုးမှာ သူနှင့်ဘဝအကြောင်းစကားပြောချင်နေခဲ့တာလေ... ဒါပေမယ့် ဒီလိုတောင်ဖြစ်သွားရတယ်လို့....ဒီလိုကောင်းမွန်ပြီး ကြယ်စုံနေတဲ့ညလေးကို ဘယ်လိုတောင်ဖြုန်းတီးပစ်ရတာလဲ။

သူတို့တဲအိမ်များဆီသို့ရောက်သောအခါ လင်းလန်က အသက်ရှူလို့တောင် မရတော့တာကြောင့်
မတတ်နိုင်ဘဲ မကျေမနပ်ပြောလိုက်မိလေသည်။
‘‘ရှင်နည်းနည်းလောက် ဖြေးဖြေးလျှောက်ပေးလို့မရဘူးလား ’’

ဟန်ချင်စုန့်က အံ့ဩသွားလေ၏။
‘‘မင်းလိုက်မယ်ဆိုပြီး ဘာလို့ငါ့ကို ကြိုမပြောတာလဲ ’’

လင်းလန် : ‘...’

‘‘ရှင်ဘဲ ကျွန်မကိုလိုက်လာဖို့ ပြောလိုက်တာမဟုတ်ဘူးလား ’’
ဒီယောက်ျားက အရမ်းကိုပျင်းစရာကောင်းလိုက်တာ။

ဟန်ချင်စုန့် :‘‘ကိုယ်က ကိုယ်သန့်ရှင်းလိုက်မယ်လို့ပြောတာ၊ အဲ့ဒါကညစ်ပတ်နေတယ်လေ’’

သူမက သူနှင့်အကျိုးအကြောင်းသင့်ပြောနေတာကို ရပ်လိုက်‌လေသည်။ဒီယောက်ျားက ဘယ်လိုဆက်သွယ်ပြောဆိုရမလဲဆိုတာကို တကယ့်ကိုမသိတာဘဲလို့ ခံစားလိုက်မိသည်။အဲ့ဒါက လုံးဝကိုသဘာဝအတိုင်းဘဲ ဖြစ်နေတာလား၊ သူကဘဲ  သူ့ကိုယ်သူဖော်ပြရာတွင် မတော်လို့လားဆိုတာကို မသိတော့ပေ။

ဟန်ချင်စုန့်က မီးအိမ်ဆီကို မီးညှိလိုက်ကာ မီးအိမ်ထဲတွင်ထည့်လိုက်သည်။သူက သန့်ရှင်းရေးလုပ်ဖို့နှင့် တဲအိမ်ကို ပြန်ပြင်ဆင်ဖို့ကို ဘယ်လိုအစီအစဉ်ချရမလဲဆိုတာ တွေးနေပုံပေါ်ပေသည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now