၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 154 0
                                    

Part 102

ပထမချွေးမဟန်က ဆူညံသံများကြောင့်အိပ်မရပဲ ငြင်းခုန်နေကြသည်ကိုသာ ထိုင်နားထောင်နေခဲ့သည် ။

ဟန်ကျင်းယုက အဖွားကြီးသည် သားနှင့်သမီးခွဲခြား၍ ပိုက်ဆံပေးခဲ့သောကိစ္စအား မပြီးနိုင်မစီးနိုင်ခံစားငိုယိုနေဆဲဖြစ်သည် ။

" ကျင်းပေါင်က အများဆုံးသုံးခဲ့တာကို သမီးကဘာလို့ ယွမ်ငါးရာတောင်ပြန်ပေးရမှာလဲ "

ဟန်ကျင်းပေါင်က ရိုင်းစိုင်းစွာပြောလိုက်သည် ။

" ငါသူ့လည်ပင်းကိုဓားနဲ့ထောက်ပြီးခြိမ်းခြောက်လိုက်မယ် ....အဲ့ဒီမိန်းမသူ့အသက်နဲ့ယှဥ်လာရင် ဘာကိုမှအလေးထားတော့မှာမဟုတ်ဘူး "

အစ်ကိုကြီးဟန်က ဟန်ကျင်းပေါင်၏စကားကြောင့် ဒေါသထွက်စွာပြောလိုက်သည် ။

" ပါးစပ်ပိတ်ထားစမ်း...မင်းသာအရင်သေသွားလိမ့်မယ် "

ဟန်ချင်းယွမ် အတည်ပြုချက်အားစတင်စကားပါးသည့်အချိန်တွင်မှ အတောမသတ်သည့်ငြင်းခုန်မူများမှာ အဆုံးသတ်သွားခဲ့လေသည် ။ အနီရောင်စာချုပ်တစ်ခုကိုယူဆောင်လာခဲ့သည်။ ထိုစာချုပ်မှာ အလွန်ကိုအထက်တန်းကျသည့်ပုံစံဖြစ်ကာ မြေရှင်စနစ်မှ အတိုးပေးစားသူများကိုပင်အမှတ်ရသွားစေနိုင်လောက်သည် ။

" တစ်ကယ်လို့ အစ်ကိုချင်စုန့်ရဲ့ ဇနီးသာခရိုင်ရဲစခန်းမှာ တရားစွဲဆိုခဲ့မယ်ဆိုရင် နင်တို့နှစ်ယောက်ကအမည်ပျက်စာရင်းသွင်းခံလိုက်ရပြီး ဘွဲ့တောင်ရနိုင်တော့မှာမဟုတ်ဘူး... နိုင်ငံ့ဝန်ထမ်းတစ်ယောက်ရဲ့ ပိုက်ဆံကိုအလွဲသုံးစားလုပ်တာက အရှက်ရစရာဖြစ်တဲ့အတွက် မြို့ပေါ်မှာအလုပ်ရှာဖို့တောင်ခက်ခဲလိမ့်မယ် "

အဖွားကြီးဟန်သာမက အဖိုးကြီးဟန်ပါ ကြောက်ရွံ့လာကာ အငယ်နှစ်ယောက်အားငွေချေးစာချုပ်ရေးရန်တိုက်တွန်းတော့သည် ။ ဟန်ကျင်းပေါင်က လက်နာနေသည်ဟုဆိုကာ ဟန်ကျင်းယုကို သူ့အတွက်ပါရေးခိုင်းခဲ့သည် ။

သို့သော်လည်း ဟန်ကျင်းယုသည် အကြောက်လွန်၍တုန်ရီနေသောကြောင့် ဘောပင်ကိုပင်ကောင်းကောင်းမကိုင်နိုင်တော့ကာ ကြောင်ကုတ်သည့်လက်ရေးပုံစံသာထွက်လာခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now