၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 132 0
                                    

Part 154

သူတို့က ဟန်ချင်းဟွကို ပြန်ပို့ရန် ဆွေးနွေးခဲ့ကြသည့်အတွက် ဟန်ချင်စုန့်အနေဖြင့် အသနားခံရန် ခရိုင်ကို သွားစရာ မလိုဘဲ သူ့ကို ပညာပေးရုံနှင့် အလုပ်ပြီးအောင် သူ့ညီကို အိမ်ပြန်ခေါ်လာနိုင်ခဲ့၏။

    သူ့ညီကို စီရင်ချက်မချပါက ကျန့်ရှယ် သေချာပေါက် စီရင်ချင်အချခံရမှာမဟုတ်ပေ။

    ဟန်ချင်ဟွကို ထိုနေရာသို့ ပို့ပြီး ကျောက်ကျန့်ရှယ်ကို ပြန်ခေါ်လာကာ အားလုံး ပျော်ရွှင်နေခဲ့ကြသည်။

  အမှန်တွင် ဤသည်က အသေးအဖွဲကိစ္စဟု ပြော၍မရနိုင်သည့် အသေးအဖွဲ ကိစ္စတစ်ခုပင်။

ကျောက်ကျန့်ရှယ်ကို တခြားသူတွေနှင့်ထားခဲ့ချင်ပါက ဟန်ချင်းဟွကို ပြန်ပို့ပြီး နှုတ်ဆက်မလိုချေ။

သူတို့က စွန်းကျောက်ဝမ်ကို ကျောက်ကျန့်ရှယ်က    ခရိုင်ပိုင်ဖြစ်ကြောင်း ၊ သူတို့ကို စီရင်ချက်ချရန်အတွက် ခရိုင်သို့ ပြန်ပို့ရမည်ဖြစ်ကာ ကွန်မြူနတီတွင် စွန့်ပစ်ထား၍မရကြောင်း အထူးတလည် ပြောခဲ့၏။

    ဒီကမ္ဘာပေါ်မှာ ဒီလောက် ယုတ္တိမဲ့တဲ့သူတွေ တကယ် ရှိတယ် ဆိုတာ ဘယ်သူ သိမှာလဲ...

    လက်ထောက်ညွှန်ကြားရေးမှူးလီက ပြန်မထိုင်ဘဲ ဆက်ကာ အပြင်ကို လမ်းလျှောက် ထွက်လေသည်။  ကျောက်အန်းဖျင်က ဝိုင်ပုလင်းနှင့်အတူ သူ့နောက်ကို လိုက်သွား၏။

    လက်ထောက်ညွှန်ကြားရေးမှူးလီက ပြောလိုက်သည်။

"ဒီဟန်ချင်စုန့်က မလွယ်ဘူး"

    "ဘာလို့ မလွယ်တာလဲ ညီအစ်ကို... မင်းက ခရိုင်မှူးဖြစ်ပြီး  သူ့ကို မနိုင်ဘူးလား...ဒါက စီရင်ချက်ချတဲ့ကိစ္စလေးတင်လေ"

ဟု ကျောက်အန်းဖျင်ကပြောလေ၏။

   လက်ထောက်ညွှန်ကြားရေးမှူးလီက ခေါင်းလှည့်ကာ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး  ဘယ်သူမှရှိမနေသည်ကို မြင်ရာတွင်  သူကတိုးတိုးလေးဆိုလိုက်သည်။

"ဟန်ချင်စုန့်ကလည်း လက်ထောက်ပဲလေ"

 

    "သူ့လုပ်ခလစာကို တိုးပေးလိုက်... ဒီကလေးက ပိုက်ဆံ လောဘကြီးပုံရတယ်...သူ့ကို ယွမ်နှစ်ရာ ဘာလို့မပေးရမှာလဲ"

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now