၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 137 0
                                    

Part 137

လင်းလန်က အလျင်အမြန်ဘဲ သူ့ကိုကြိုဆိုလိုက်ကာ အပြုံးတစ်ခုနှင့် ပြောလာလေသည်။

‘‘ချင်းယွမ်ရောက်လာတာဘဲ ’’

ဟန်ချင်းယွမ်ကလည်း တောက်ပစွာ ပြန်ပြုံးပြလာသည်

‘‘မရီး ကျွန်တော့်ရဲ့ တတိယအကိုက ဘယ်မှာလဲ’’

‘‘ငါဒီမှာ ’’

ဟန်ချင်းယွမ် အိမ်ထဲဝင်လာပြီးနောက် ဟန်ချင်စုန့် စောင်ချုပ်နေတာကို ကြည့်ပြီး ကြောင်အသွားလေသည်။ရွာထဲက ယောက်ျားများက မည်မျှပင် အပျင်းကြီးပြီး ယှဉ်ပြိုင်ချင်စိတ်မရှိနေပါစေ သူတို့က သူတို့ဇနီးရဲ့ အလုပ်ကို ဘယ်တော့မှမလုပ်ပေ။

ချက်ပြုတ် လျှော်ဖွတ် အပ်ချုပ်နဲ့ ဖာထေးပြုပြင်မှုအကုန်လုံးက မိန်းမများရဲ့ အလုပ်ပင်ဖြစ်သည်။

ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်က ဒီလိုအလုပ်မျိုးကို လုပ်ဖို့ဖြစ်နိုင်မှာလဲ။

သူက လင်းလန်ကို အံ့အားတကြီးကြည့်လိုက်မိသည်။

သူမရဲ့ ရှက်ရွံ့မှုကိုဖုံးကွယ်ဖို့အတွက် လင်းလန်ကပြုံးပြလိုက်သည်။

‘‘ကျွန်မ... ကျွန်မက လက်ကိုအပ်ထိုးမိသွားလို့ သူက ကူပြီးတော့ ကြမ်းတဲ့အဖျားပိုင်းကို ဖာထေးပေးနေတာပါ ’’

ဟန်ချင်စုန့်က ဟန်ချင်းယွမ်ကို တချက်ကြည့်လိုက်လေသည်။

‘‘တခုခုမှားနေတာရှိလို့လား ’’

ဟန်ချင်းယွမ်က ပြုံးပြီးပြောလာလေသည်။

‘‘တတိယအကို ကျွန်တော်လည်း အကိုနဲ့အတူတူ စောင်ချုပ်တာကို လေ့လာမယ်လေ’’

သူစနောက်နေတာကို သိတာကြောင့် ဟန်ချင်စုန့်က မပြုံးလာဘဲ ခေါင်းငုံ့ကာ စောင်ကိုဘဲ ဆက်ချုပ်နေလိုက်သည်။

လင်းလန်က ပြောလိုက်မိသည်။

‘‘တကယ်လို့ နင့်မှာ ပြောစရာတခုခုရှိနေရင်လည်း ဒီအတိုင်းဘဲပြောလိုက်ပါ ’’

ဟန်ချင်းယွမ်က ဟန်ချင်စုန့်ချုပ်နေတဲ့ စောင်ကိုကြည့်ဖို့ ကိုယ်ကို ကိုင်းညွတ်လိုက်သည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now