၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 154 2
                                    

Part 52

သူမဆီမှ ဆီလျော်မှုမရှိစွာ စိတ်အနှောင့်ယှက်ပေးတာကို ခံလိုက်ရသောအခါ ဟန်ချင်စုန့်၏ မျက်လုံးများက အနည်းငယ်ပို၍အေးစက်လာလေ၏။

သူက သားတစ်ယောက်ဖြစ်နေသောကြောင့် အဖွားကြီးအား သူက မည်သည့်အရာကိုမှ တိုက်ရိုက်မပြုလုပ်နိုင်ပေ။လင်းလန်က သူ၏အကူအညီမဲ့နေမှုကို မြင်လိုက်ရသောကြောင့် သူမကရွံရှာစွာ ချောင်းဟန့်လိုက်မိသည်။သို့သော်  ထိန်းမရအောင်ကျနေသာ မျက်ရည်ကိုသုတ်လိုက်ခြင်းအားဖြင့် သူမ၏မကျေမနပ်ဖြစ်နေခဲ့မှုများအား စတင်ပြီးသရုပ်ဖော်ပြနေလိုက်သည်။

မိုင်စွေ့က ရုတ်တရက်ပင်မျက်ရည်များ ကျဆင်းလာလေသည်။

‘‘သမီးမာမားကိုဘဲ ဘာလို့နေ့တိုင်းနေ့တိုင်း ဆူငေါက်နေရတာလဲ။ဒီမိန်းမပျက် ဒီမိန်းမပျက်နဲ့...မာမားပြော‌‌တဲ့ ဘယ်နေရာကများ အမှားပါနေလို့လဲ။အဖွားက သမီးတို့ကို စားစရာမပေးဘူးဆိုတာက  အမှန်ဘဲလေ။ သမီးတို့မှာ ရှိသမျှ ကောင်းတဲ့အရာတိုင်းကိုလည်း ခရိုင်မြို့ကြီးမှာရှိနေတဲ့ အငယ်ဆုံးဦးလေးနဲ့ အဒေါ်ကိုပို့နေကျဘဲ။အဲ့ဒီမှာ သူတို့က နေ့တိုင်းနေ့တိုင်း ခေါက်ဆွဲဖြူကိုစားနိုင်ကြတယ်။ ဦးလေးက စားသောက်ဆိုင်ကို စက်ဘီးနဲ့ သွားနေကျ၊ ‌အဒေါ်ကလည်း ကြွားလုံးထုတ်ဖို့အတွက် နေ့တိုင်းနီးပါး နာရီကို‌ဝတ်နေကျဘဲ။သူမက သမီးကိုသူ့ အဝတ်တွေကို လျှော်ခိုင်းနေကျဘဲ...သူ့အဝတ်တွေတင်မကဘူး၊  သူ့သူငယ်ချင်း ကျောင်းအုပ်သမီးကိုလည်း စိတ်ကျေနပ်အောင်လုပ်ဖို့ဆိုပြီး သူ့သူငယ်ချင်းအဝတ်တွေပါ လျှော်ခိုင်းသေးတယ်။ဒါပေမယ့် ဘာလို့သမီးကဘဲ သူ့အဝတ်တွေကို လျှော်ပေးနေရတာလဲ... ’’

သူမက အလွန်ပင် မကျေမနပ်ဖြစ်နေကာ အားဝမ်ကလည်း စတင်ကာ မကျေမနပ်တိုင်တန်းလာလေ၏။

‘‘မိုင်စွေ့ ပြောတာမှန်တယ်...အဖွားက သားတို့ကို စားစရာသိပ်ပေးချင်တာ မဟုတ်ဘူး။နှစ်သစ်ကူးတုန်းကဆို ဦးလေးနဲ့အဒေါ်က သူတို့ဖက်ထုပ်တွေကို ကုန်အောင်မစားနိုင်ကြပေမယ့် သူတို့ကမနက်စာအတွက် နွေးပြီးစားဖို့ရသေးကြတယ်၊ သားတို့မိသားစုကျ တစ်ယောက်ကိုမှ ဖက်ထုပ်လေး၊ငါးခုလောက်ဘဲစားရတယ်။သားတို့မှာလည်း ကိုယ့်ခွဲတမ်းနဲ့ကိုယ် ရှိသင့်တာပေါ့၊ဘာလို့ ခွဲတမ်းအတိုင်း မရရတာလဲ’’

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Onde histórias criam vida. Descubra agora