၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 128 0
                                    

Part 122

အမှန်တကယ်တွင် လင်းလန်၏ဟင်းချက်ကျွမ်းကျင်မူက အလွန်ကောင်းသည်ဟုမယူဆနိုင်ပေသော်လည်း စားစရာရှားပါးသောခေတ်ထဲတွင် မည်သူမျှအရာသာကောင်းမကောင်း မဆန်းစစ်နိုင်ချေ ။ ဂျုံနှင့် အသားအနည်းငယ်စားသောက်၍ရသည်ကပင် အလွန်ကံကောင်းနေပြီဖြစ်သည် ။

လင်းလန်က ခေါက်ဆွဲပြုလုပ်သော နည်းလမ်းများနှင့် ကျင့်သားမရသေးပေ ။ ထို့ကြောင့် သူမ၏ခေါက်ဆွဲများမှာ ပြုလုပ်သောအချိန်တိုင်း

မလှမပပုံစံသာထွက်လာခဲ့သည် ။ မူလလင်းလန်က ခေါက်ဆွဲပြုတ်အား အကြိမ်အနည်းသာ ချက်ပြုတ်စားသောက်ခဲ့သည် ။

လင်းလန်က နောက်ဆုံး၌ ခေါက်ဆွဲပြုလုပ်ရန် ဂျုံနယ်ပြီးသော်လည်း မစေးကပ်စေရန်ဂျုံမူန့်် ထည့်ရန်မေ့သွားခဲ့သည် ။ ထိုကြောင့်ရွေးချယ်စရာမရှိတော့ကာ ပြောင်းဖူးမူန့်ကိုသာ အစားထိုးအသုံးပြုလိုက်ရသည် ။

သို့သော်လည်း ပြောင်းဖူးမူန့်က ပို၍ဟင်းလျာများတွင် စေးကပ်မူအားလျော့နည်းစေကြောင်း သူမတွေ့ရှိသွားခဲ့သည် ။

သူမက ပထမဆုံး ပန်ကိတ်အနည်းငယ်ကိုပြုလုပ်ထားခဲ့သည် ။ ထို့နောက်တွင် ကျန်ရှိသောနယ်ပြီးသားဂျုံများအား ခေါက်ဆွဲဖတ်ပြုလုပ်ရန် လှီးဖြတ်နေခဲ့သည် ။

ခေါက်ဆွဲပြုလုပ်ရန် ရိုးရာနည်းလမ်းတစ်ခုရှိသည် ။ ယခုအခါတွင်သူမက ခင်ပွန်းဖြစ်သူအပြင် သားသမီးများနှင့်အတူ နေထိုင်နေရသောကြောင့် ရိုးရာဓလေ့အရချက်ပြုတ်ခြင်းအား လျှစ်လျူရူ၍မဖြစ်နိုင်ပေ ။

အားဝမ်က လင်းလန် ခေါက်ဆွဲဖတ်လှီးနေသည်အားကြည့်ကာ ရိုသေစွာပြောလိုက်သည် ။

" နောက်တစ်ခါကျရင် မားမားအတွက်သားလှီးပေးလို့ ရမလား..."

" သားအဖေဆန်ကြိတ်ပေးပြီးလို့ မားမားတို့နောက်တစ်ခေါက်ထပ်လုပ်စားကြရင် သားကိုလှီးခိုင်းမယ်လေ..."

အားဝမ်က နောက်တစ်ကြိမ်၌ သူ့အမေထက်သာအောင် လှလှပပလှီးမည်ဟု တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်သည် ။ လင်းလန်က သူမကောင်းကောင်းလုပ်နေပါသော်လည်း ကိုးနှစ်သားလေးဆီက အထင်သေးခံလိုက်မည်ဟုမတွေးမိချေ ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now