၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 158 0
                                    

Part 39

ဟန်ချင်စုန့်က ပေါ့ပေါ့ပါးပါးပင်ပြောလာလေသည်
‘‘အမေရယ် ဘာတွေတွေးနေတာလဲ ’’

အဖွားကြီးဟန်က တတွတ်တွတ်ပြောနေပေမယ့် သူမက တူကိုကိုင်လိုက်ကာ စားပွဲပေါ်ကိုတင်လာပြီးနောက် သူမက ဟင်းချိုဟင်းရည်တစ်ခွက်ကို ယူလိုက်လေ၏ ။
‘‘စားကြတော့လေ ’’

ထိုသို့ပြောပြီးနောက်  သူမကနှာမှုတ်လိုက်ပြီး တလုပ်စားလိုက်ကာ ခုန‌တုန်းကရှုပ်ထွေးအောင်လုပ်နေခဲ့တာက သူမမဟုတ်သလိုပင်။

လင်းလန် ဒီမိသားစုက လူ့အဖွဲ့အစည်းထဲက အငြင်းအခုန်တွေကြားထဲမှာတောင်  အပြတ်အသတ် အောင်နိုင်မှုရှိသည်လို့ စဉ်းစားနိုင်ပေသည်။ဒီမှာအခြားမိသားစုများဆီမှ ရယ်မောမှုများကိုလည်း ထည့်တွက်ရပေမည်။

ညစာစားလိုက်ပြီးနောက် အဖွားကြီးဟန်က ဟန်ချင်စုန့်ကို မေးဖို့ကြည့်လာလေသည်။

‘‘အလုပ်အကိုင်ပြောင်းလိုက်ပြီးနောက် စီစဉ်ထားတဲ့အလုပ်ရှိလား၊ ပြောင်းရွေ့လိုက်ရတဲ့အတွက် ပေးလာတဲ့ငွေရောရှိလား ’’

စစ်ထဲကထွက်လာတဲ့သူတွေက ငွေပမာဏတစ်ခုကို ရရှိပေလိမ့်မည်။အဲ့ဒါက သိပ်မများပေမယ့်လည်း သူမ၏သားက တပ်ခွဲမှူးတစ်ယောက်ဖြစ်ခဲ့တာဖြစ်သည်။အဲ့ဒါကြောင့် သူက ပိုပြီးရသင့်ပေသည်။အဲ့ဒါကအနည်းဆုံးတော့ ယွမ်ရာကျော်လိမ့်မယ်လို့ သူမခန့်မှန်းမိပေသည်။

တကယ်လို့သူက လခစားအလုပ်တစ်ခုလုပ်မယ်ဆိုရင် အနာဂတ်တွင် သူ့လစာကို သူမစီစဉ်လို့ရနိုင်တောင် သေသေချာချာလုပ်ထားရပေသည်။

ဟန်ချင်စုန့်အနေဖြင့် ကမ်းလှမ်းစရာစကားတစ်ခွန်းဘဲရှိပေသည်။အဲ့ဒါက သူစီစဉ်တဲ့အတိုင်း သူက လက်ခံပါ့မယ်ဆိုတာပင်ဖြစ်သည်။နောက်ဆုံးမှာတော့ သူတစ်ယောက်တည်း ဒါတွေအားလုံးကို မဆုံးဖြတ်နိုင်သလို ဘယ်လိုစီစဉ်ရမလဲဆိုတာကိုလည်း သိမှာမဟုတ်ပေ။

အဖွားကြီးဟန်က ရုတ်တရက်ပင် သူမအသုံးချနေကျဖြစ်သည့် ဒီဦးနှောက်မရှိသည့်ကောင်လေးက ပြောင်းလဲသွားတာကိုတွေ့သွားပေသည်။သူက ကလေးဘဝတုန်းကဆို သူမနှင့်နီးနီးကပ်ကပ်မရှိခဲ့ပေ။သူက စကားသိပ်မပြောဘဲ အလုပ်ကိုဘဲလုပ်ကာ သူ့အမေပြောသမျှက သူလုပ်သမျှအရာများဘဲဖြစ်သည်။ဒါကြောင့်လည်း သူကငယ်သေးတာတောင်မှ သူ့အကိုအစား စစ်ထဲဝင်ခွင့်တောင်းလာတာကို ခွင့်ပြုပေးလိုက်နိုင်တာဖြစ်သည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now