၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 153 0
                                    

Part 86

လန်းလန် ခြင်းတောင်းအားကမ်းပေးလိုက်သော်လည်း အဖွားကြီးလင်းက ယူပြီးပစ်ချလိုက်သောကြောင့် ခြင်းထဲမှအသီးများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲကုန်လေသည်။

" တတိယညီမနဲ့ စတုတ္ထညီမ အမေ့ကို စိတ်ဆိုးအောင်မလုပ်နဲ့တော့ "

ပထမအစ်မလင်းနှင့် ဒုတိယအစ်မလင်းတို့သည် ချက်ခြင်းပြေးလာကြ ကာအဖွားကြီးလင်းအား အိမ်ထဲသို့တွဲ၍ခေါ်သွားကြသည် ကိုကြည့်ကာ လင်းလန်မတရားခံနေရသည့်လေသံလေးနှင့်ပြောလိုက်သည် ။

" အမေသမီးရောက်ကတည်းက ရေတစ်ငုံ တောင်မသောက်ရသေးဘူးလေ အဝေးကြီးကနေအမေ့မွေးနေ့အတွက် လမ်းလျှောက်လာခဲ့ရတာကို အမေကလက်ဆောင်မပါလာလို့ဆိုပြီး နှင်ထုတ်တယ်ပေါ့ တကယ်တော့သမီးလက်ဗလာနဲ့ရောက်လာခဲ့တာမဟုတ်ဘူး ခြင်းယူလာပေးခဲ့တာဘဲ "

လင်းမိန် သေလောက်အောင်ရီချင်နေခဲ့ကာ လင်းလန်အမှန်တကယ် ရူးသွားသည်ဟူ၍ပင်ထင်လာခဲ့သည် ။ လင်းမိန်က သူမ၏ခြင်းတောင်းကို လင်းလန်ဆီသို့ ကမ်းပေးရင်းပြောလိုက်သည် ။

" နင်အိမ်ခွဲတော့ နင့်ယောက္ခမဘက်က စားစရာလေးတောင်မှခွဲမပေးဘူးလား... နင့်အိမ်မှာ ဘာမှယူလာစရာမရှိတော့လို့လား တကယ်တော့ပေါင်မုန့်တချို့ဆိုရင်လဲ ကောင်းတာဘဲလေ... လူတွေအများကြီးရှိနေတာ နင်တစ်ခုခုသာယူမလာရင်ဘာမှစားရမှာမဟုတ်ဘူး "

လင်းမိန်က လင်းလန်ကို ဂုဏ်ယူစွာကြည့်လိုက်ကာ သူမ၏ပေါင်မုန့်များနှင့်ပက်သက်၍ တစ်စုံတစ်ရာဝေဖန်ပြောဆိုမည်ဆိုလျှင် ဝါဂွမ်းတွေမရောင်းပေးနိုင်ဟူသော အကြည့်နှင့်ဖြစ်သည် ။

" တတိယအစ်မနဲ့တော့ ဘယ်ယှဥ်နိုင်ပါ့မလဲ အစ်မကအရင်ကတည်းက ကိုယ့်ဘာသာနေထိုင်ပြီး မိသားစုကလည်း အဆင်ပြေပြေရှိတယ်လေ ။ ကျွန်မကတော့အခုမှအိမ်ခွဲကာစဖြစ်ပြီးတော့ ယွမ်တစ်ရာ ရခဲ့တယ်ဆိုပေမဲ့လဲ........"

ဘာကြီး...

အဖွားကြီးလင်းက ချက်ချင်းပင် လင်းလန်အား သတ်မလိုဖြတ်မလိုလှည့်ကြည့်တော့သည် ။

ယွမ်တစ်ရာတောင်!

အဖွားကြီးလင်း၏တစ်သက်တာတွင် ထိုမျှများပြားသည့်ငွေပမာဏအား မသုံးစွဲဖူးဘဲ လက်ရှိအချိန်တွင်တောင်မှ သူမလက်ထဲတွင် ယွမ်နှစ်ဆယ်သာပိုင်ဆိုင်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now