၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 126 0
                                    

Part 114

ကလေးများကထင်းခြောက်များ ကောက်ပေးပြီးဖြစ်သည့်အတွက် သူမအနေနှင့်ဟိုဟိုဒီဒီလမ်းလျှောက်ပြီး အချိန်ဖြုန်းရုံသာဖြစ်သည် ။ သူမအခန်းထဲသို့ပြန်လာသည့်အချိန်တွင် ဆီးသီးများပျောက်ဆုံးသွားကြောင်းတွေ့လိုက်ရသည် ။

" ငါ့ဆီးသီးတွေကိုဘယ်သူခိုးသွားတာလဲ... "

သူမအော်ဟစ်နေသော်လည်း မည်သူမျှဝန်မခံကြပေ ။ ဒုတိယမိသားစုမှကလေးနှစ်ယောက်က လျှာသပ်နေကြသောကြောင့် သူမကစစ်ဆေးရန်ပါးစပ်ဟခိုင်းခဲ့သည် ။ ရလဒ်အနေနှင့်ဘသွားကြားထဲ၌ကပ်ကျန်နေသော ဆီးသီးအခွံစများအားတွေ့လိုက်ရသည် ။

ဟန်ကျင်းရှန်က အလွန်ဒေါသထွက်ကာကလေးများအားရိုက်နှက်တော့သည် ။ သူမကဒုတိယမိသားစုမှကလေးများအား ရိုက်နှက်ရသည်နှင့်အားမရသောကြောင့် ကုမိန်ကိုပါရိုက်နှက်ရန်လက်လှမ်းလာခဲ့သည် ။

သူမ၏သမီးအားရိုက်ရန် ကြံစည်နေသောကြောင့် ပထမချွေးမကတားကာပြောလိုက်သည် ။

" တော်လောက်ပြီ "

" အစ်မကြီးဒါဘာလုပ်တာလဲ "

ဟန်ကျင်းရှန်က ခြေဆောင့်ကာပြောလိုက်သည် ။

" အစ်မကြီးလဲ ကျွန်မကိုအနိုင်ကျင့်ဖို့ကြိုးစားနေတာလား? "

ပထမချွေးမဟန် ဘာမှမပြောရသေးခင်မှာပင် အဖွားကြီးကထွက်လာကာ ဆူပူတော့သည် ။

" နင်တို့ဘာတွေလုပ်နေကြတာလဲ...ဟိုမိန်းမရဲ့ခြေရာအတိုင်းနင်းပြီး ငါတို့ကိုအနိုင်ကျင့်ချင်တာလား... ဒါနင်တို့ပြောတဲ့မိဘအပေါ်သိတတ်တာလား "

ပထမချွေးမဟန်က အော်ကြီးဟစ်ကျယ်ဆူပူခံရသောကြောင့် ခေါင်းပင်မမော့ရဲတော့ချေ ။ သူမကလင်းလန်ကဲ့သို့ စိတ်ထဲရှိသမျှဂရုမစိုက်ဘဲနှင့် ပြန်ခံပြောလိုက်ချင်သည် ။

သို့သော်လည်း ထိုသို့ပြုလုပ်ရန်သူမတွင်သတ္တိမရှိခဲ့ချေ ။ မိသားစုအတွက်အရှက်ရစေမည်ဖြစ်ကာ ကောလဟာလများနှင့်မကောင်းသတင်းများလည်းပျံ့နှံ့သွားနိုင်သည် ။

ပထမချွေးမဟန်က ခံပြောနိုင်မည့်အရိပ်အယောင်မရှိသောကြောင့် အဖွားကြီးဟန်က ပို၍ပင်ရောင့်တက်ပြီးပြောဆိုလာသည် ။ လင်းလန်အား ပြောဆိုချင်သည့်စကားများနှင့် ဒေါသများအားလုံးကို ပထမချွေးမထံသို့ပုံချတော့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now