၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 178 0
                                    

Part 88

" စတုတ္ထညီမလေးက အိမ်ခွဲကာစဆိုတော့ဘာမှရှိသေးမှာမဟုတ်ဘူး ယူသွားပြီး ရှောင်ဝမ် အတွက်အကျီချုပ်ပေးလိုက်ပါ "

အဖွားကြီးလင်းက သူမ၏ချွေးမကြီး၏သဘောထားအားမြင်သည့်အခါ ချက်ချင်းပင်အသုံးပြုပြီးသားဝါဂွမ်းဟောင်း သုံးကတ်တီကိုယူထုတ်လာကာ ကုတင်ပေါ်ပစ်တင်ရင်းပြောလိုက်သည် ။

" ဒါတွေကသေသေချာချာလျှော်ဖွပ်ပြီး သားတွေ မနှစ်ကနင်ငါ့ကိုပေးထားတာ နည်းနည်းသုံးပြီးသွားလို့ဒီလောက်ဘဲကျန်တော့တယ် ယူသွားလိုက် "

လင်းမိသားစု၏ဆက်ဆံပုံအား သူမရင်ထဲကိုနွေးထွေးစေကာ မနေနိုင်ဘဲမျက်ရည်များပင်ဝဲလာတော့သည် ။ အဖွားကြီးလင်းက အကြီးဆုံးချွေးမအား ဝါဂွမ်းများကိုပတ်ရန်ကြိုးရှာခိုင်းလိုက်ကာ ပြောလိုက်သည် ။

" သူမကိုသေချာထုပ်ပေးလိုက်ပြီး ခြင်းတောင်းကိုထားခဲ့ခိုင်းလိုက် ဘာဘဲဖြစ်ဖြစ် နင်တို့အဖေရက်တာထက်သာတယ် "

လင်းမိန်မနေနိုင်ဘဲဝင်ပြောတော့သည် ။

" အမေကသူမဘာမှမယူလာပေးတာတောင် ပစ္စည်းတွေပြန်ပေးသေးတယ်ပေါ့ အနောက်ဘက်ကနေထွက်လာတော့မှာဘဲ "

သူမကပြောနေရင်းနှင့်ပင် အနောက်ဘက်အားကြည့်လိုက်သေးသည် ။ အဖွားကြီးလင်းက ကုတင်ဘေးမှတုတ်ကိုဆွဲကာ လင်းမိန်ဆီယမ်းရင်းပြောလိုက်သည် ။

" နင့်ယောင်းမတွေရှေ့မှာ ငတုံးလိုလုပ်မနေစမ်းနဲ့ ငါကနင့်တို့တွေကို ခိုင်းစားဖို့မွေးထားတယ်များမှတ်နေလား "

" အိုက်ယား....အမေပြောတာကြားတယ်နော် ယောင်းမတို့ နောက်နှစ်ကျရင်အမေ့အတွက် ဘာမှယူမလာခဲ့ကြနဲ့နော် "

" စနောက်နေတာတော်ကြတော့ အဖေတို့ပြန်လာရင် ဗိုက်ဆာလာကြလိမ့်မယ် ယောင်းမတို့နှစ်ယောက် ဟင်းချက်ဖို့မကူညီရင် တကယ်ထမင်းမစားရဘဲနေလိမ့်မယ်နော် "

အကြီးဆုံးချွေးမသည့် အစ်မကြီးလင်းနှင့်သက်တူရွယ်တူဖြစ်သောကြောင့် သူငယ်ချင်းများကဲ့သို့ဆက်ဆံရေးကောင်းမွန်ကာ လင်းလန်တို့အမွှာနှစ်ယောက်သည်လည်း ငယ်စဥ်ကတည်းကတကျက်ကျက်ရန်ဖြစ်တတ်ကြသော်လည်း အစ်မကြီးတစ်ယောက်ကဲ့သို့လေးစား၍ ငြိမ်းချမ်းသည့်ဆက်ဆံရေးမျိုးဖြစ်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now