၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 144 0
                                    

Part 113

ဤသည်မှာ မူလလင်းလန် ရှောင်ဝမ်အားသဘောမကျရသည့်အချက်များထဲမှတစ်ခုဖြစ်သည် ။ လုချွမ်းဖန် တွင်ကိုယ်ပိုင်အကြံအစည်ရှိလေသည် ။ သူမလက်ထပ်ထားသောယောက်ျားသည် အပေါင်းအသင်းများနှင့်သာအချိန်ကုန်နေပြီး အလုပ်ကြိုးစားလိုစိတ်လည်းမရှိပေ ။

အမြင့်သာမှန်းပြီးဂုဏ်မောက်လိုသည့် လုချွမ်းဖန် အတွက် ဟန်ချင်စုန့် ကိုလက်ထပ်ခဲ့လျှင်သာဟူ၍ အမြဲတမ်းတွေးတောနေခဲ့ကာ ယခုအခြေအနေထက်အဆပေါင်းများစွာ သာမည်ဟုမနာလိုဖြစ်နေခဲ့သည် ။

မူလလင်းလန်နှင့် ပက်သက်၍ကောလဟာလများစွာလွှင့်ခဲ့သည် ။ ဥပမာ ဟန်ချင်စုန့်က လင်းလန်အားကွာရှင်းတော့မည် ၊ ဟန်ချင်စုန့်ကလင်းလန်အား မချစ်....စသည်ဖြင့်မရိုးနိုင်ပေ ။

ထို့အပြင် စစ်တပ်မှအသိတပ်သား တချို့၏ပြောကြားချက်အရ ဟန်ချင်စုန့်က လုချွမ်းဖန် ဘယ်သူလဲပင်မသိချေ ။

ထို့ကြောင့် မူလ လင်းလန်နှင့် လုချွမ်းဖန် တို့၏ပြိုင်ဆိုင်မူမှာမရေမရာဖြစ်နေခဲ့သည် ။ လင်းလန်တွင် မိန်းမဆိုးဟူသည့်အမည်ပျက်ရှိနေပြီးဖြစ်၍ အကျိုးရှိရှိပင်အသုံးချတော့သည် ။

သူမလို မိန်းမဆိုးကြီးသည် ယဥ်းကျေးသိမ်မွေ့သောအပြုအမူများအား ခွာချကာ စိတ်ရှိတိုင်းပြောဆိုနိုင်သည် ။ ဒေါသထွက်လျှင်လည်း အော်ဟစ်နိုင်ကာ ဟန်ဆောင်ပြုံးစရာမလိုတော့ချေ ။

" အရင်ကတည်းက စစ်မူထမ်းတွေက ဒီလိုအလေးပေးခံရတာဘဲလေ နိုင်ငံတော်ကတရားဝင်ပြဌာန်းပေးထားတာဘဲ ရှင်တို့ဘာကိုအတွန့်တက်ချင်သေးလို့လဲ..မကျေနပ်ရင် ခရိုင်ရုံးမှာသွားရှင်းလေ.. ဒီမှာအဒေါ်ကြီး ရှင်တို့သားအမိကအမြဲတမ်းဘာလို့သူများကို မနာလိုနေကြတာလဲ....

ရှင်မနာလိုဖြစ်နေလို့ ရှင်တို့မိသားစုထမင်းဝသွားလား... ရှင့်ဘာသာရှင် အဖွားကြီးဟန်နဲ့ ပြိုင်ဆိုင်ချင်တဲ့ကိစ္စကို သူနဲ့တိုက်ရိုက်သွားရှင်းချည်.... ကျွန်မကမိသားစုခွဲထွက်ပြီးသား အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့ လာမကစားချင်စမ်းပါနဲ့ "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now