၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 151 0
                                    

Part 79

ပိတ်နှစ်အုပ်ပေါင်းစာအတွက် အလွန်ဆုံးမှ ရှစ်ယွမ်သာကျသင့်မည်ဖြစ်သည် ။ အရင်ဘဝမှစျေးနူန်းများနှင့်ယှဥ်လျှင်အရမ်းကို စျေးပေါလွန်းသည်ဟုခံစားနေရသော်လည်း စျေးဝယ်သည့် ဝါသနာက သက်သက်ပင်ဖြစ်ကာ သူမဝယ်ယူသည့်အချိန်တိုင်းစျေး အနည်းဆုံးကိုသာ နိူင်းယှဥ်ဝယ်ယူလေ့ရှိသည် ။

ထိုအချိန်၌ အစ်မကြီးလုက သူမ၏ပိတ်စများအား လင်းလန် အကြိုက်မတွေ့၍ မဝယ်တော့မည်အား အလွန်ပင်စိုးရိမ်နေကာ သူမ၏လက်များကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပုံအား လင်းလန်အသေအချာတွေ့လိုက်ရသည် ။ အရင်အချိန်များလိုမဟုတ်ဘဲ ချည်မျှင်များမှတစ်ဆင့် အထည်တစ်ထည်ဖြစ်လာရန် အလွန်ပင် ခက်ခက်ခဲခဲရက်လုပ်ရမည်အား သူမနားလည်သည် ။

ဝါပင်များကို စိုက်ပျိုးထားပြီး ဝါကောက်ချိန်မရောက်သေးသည်အထိ လပေါင်းများစွာဂရုစိုက်ရမည်ဖြစ်ကာ ရိတ်သိမ်းပြီးသည့်နောက်တွင် ဝါစေ့များကိုဖယ်ထုတ်ခြင်းအပြင် သန့်စင်ခြင်း ဗိုင်းငယ်သည့်လုပ်ငန်းစဥ်များအပြင် ပိတ်တစ်စရရန် အတွက်အဆင့်ပေါင်းများစွာဖြတ်ကျော်ကြရသည် ။

၎င်းကအရမ်းကို ရူပ်ထွေးပြီး ဗိုင်းငင်ပြီး ချည်များဖြင့် ပိတ်စဖြစ်လာရန်အတွက် ရက်ကန်းရက်ရဦးမည်ဖြစ်ကာ ပိတ်တစ်အုပ်အတွက် နာရီပေါင်းများစွာကြာမြင့်ပြီး အာရုံစူးစိုက်လုပ်ရသည့်အတွက် အစ်မကြီးလု၏ ကျောများကျိုးမတတ်နာကျင်ရပြီး အမြင်အာရုံများလည်းဝေ ဝါးလာတတ်သည် ။

အလွန် အလုပ်ကြိုးစားရသောကြောင့် စျေးအနည်းငယ်ကြီးသော်လည်း သုံးစွဲဖို့သင့်သည်ဟု လင်းလန်ခံစားလိုက်ရသည် ။ သူမအနေဖြင့် ခေတ်ကာလပတ်ဝန်းကျင်နှင့် ကျင့်သားမရသေးသော်လည်း ခက်ခဲသည့်အချိန်တွင်ကြိုးကြိုးစားစား ရုန်းကန်နေကြသည့် သူများအားအမှန်ပင်လေးစားလေသည် ။

သူမအနေဖြင့် ထိုသူတို့၏ဘဝမှာ အလွန်ခက်ခဲသည်ဟုခံစားရပြီး မိသားစုအားကျွေးမွေးရန် ဆင့်အနည်းငယ်ကပင် အသက်တမျှအရေးကြီးသည်အား သူမသဘောပေါက်စပြုလာပြီဖြစ်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now