၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 167 0
                                    

Part 103

လင်းလန်အိမ်ပြန်ရောက်သည့်အချိန်တွင် အိမ်တံခါးပွင့်နေကာ အားဝမ်ကအပေါက်ဝ၌ တုတ်တစ်ချောင်းပိုက်ရင်းအိပ်ပျော်နေ လေသည် ။

အနွေးကုတင်ပေါ်၌ မိုင်စွေ့ကဂေါ်ပြားကိုပိုက်ရင်းအိပ်ပျော်နေကာ စန်းဝမ်နှင့်ရှောင်ဝမ်တို့ကတော့ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေခဲ့သည် ။

လင်းလန်က ကလေးများကိုကြည့်ကာ ရင်ထဲနွေးထွေးသွားပြီး အားဝမ်ကိုနိူး၍အနွေးကုတင်ပေါ်သို့တင်ပေးကာ ဆက်အိပ်ခိုင်းလိုက်သည် ။ လင်းလန်အသံကြားသည့်အခါ အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုပွတ်ရင်းစကားပြောလာခဲ့သည် ။

" မားမားပြန်လာပြီလား "

" အင်း မားမား ပြန်ရောက်ပြီ စိတ်မပူဘဲစိတ်ချလက်ချအိပ်တော့ "

လက်ထဲတွင်ပိုက်ဆံအများကြီးရှိနေသောကြောင့် ပျော်လွန်း၍ အိပ်မပျော်ခဲ့ပေ ။ နှမြောစရာကောင်းသည်မှာ သတင်းကောင်းအားမျှဝေရန် ဟန်ချင်စုန့်အတူရှိမနေခဲ့ခြင်းဖြစ်သည် ။

အားဝမ်က စိတ်နုသည့်ကလေးဖြစ်သည်ကိုမဆိုထားနှင့် သွေးထွက်သံယိုအဖြစ်အပျက်အား မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့်အပြင် သူ့အမေအားစိတ်မချ၍ တံခါးဝ၌ပင်ထိုင်စောင့်နေခဲ့ရသောကြောင့် ပင်ပန်းကာ ချက်ချင်းပင်ပြန်အိပ်ပျော်သွားတော့သည် ။

လင်းလန်က အားဝမ်လက်ထဲမှတုတ်အားယူလိုက်ကာ ရေပတ်တိုက်ပေးပြီးနောက်တွင် သက်တောင့်သက်သာရှိစေမည့်အနေအထားနှင့်ပြောင်းသိပ်ပေးလိုက်သည် ။ အလွန်နှစ်ခြိုက်စွာအိပ်ပျော်နေသောကြောင့် လင်းလန်ဘာလုပ်လုပ်မသိကြတော့ပေ ။

မိုင်စွေ့နှင့် ကျန်သည့်ကလေးများအားလည်းရေပတ်တိုက်ပေးကာ အနွေးကုတင်ပေါ်၌ နေရာတကျသိပ်ပေးလိုက်သည် ။ ထို့နောက်တွင် ကြက်ခြံနှင့်တံခါးများအား သေသေချာချာစစ်ဆေး၍ပိတ်လိုက်ကာ ခြံလုံစေရန်အတွက်ခွေးတစ်ကောင်မွေးရန်စိတ်ကူးမိလေသည် ။

သာမန်ရွာခွေးများအား မည်သူကမျှကြောက်ရွံ့မည်မဟုတ်သောကြောင့် လင်းလန်က အမြင်နှင့်တင်လန့်ပြေးစေနိုင်လောက်မည် ခွေးမျိုးသာလိုချင်ခဲ့သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now