၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 160 5
                                    

Part 45

ထို့ပြင် သူမအတွက်ဆိုရင်လည်း ဟန်ချင်စုန့်နှင့် အတူတူအိပ်ဖို့က ‘မဖြစ်နိုင်’ပေ။

အဘယ်ကြောင့်ဆိုသော် ယောက်ျားတစ်ယောက်နှင့် အတူအိပ်ဖို့အတွက် သူမက စိတ်ပိုင်းဆိုင်ရာအတားအဆီးများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

သူကခန့်ညားပြီး ပုံရိပ်ကောင်း‌ရှိကာ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသဘောကျသောပုံစံဖြစ်နေသော်လည်း ဘာခံစားချက်အခြေခံမှမရှိဘဲနှင့် သူမကသူနှင့်အတူမအိပ်ချင်သေးပေ။

ဒါကြောင့် သူမက ပြတ်ပြတ်သားသားပင် ဟန်ချင်စုန့်ကို ဝေးဝေးမှာအိပ်ခိုင်းလိုက်လေသည်။

သူမ၏ကုတင်ဘက်တွင် မိုင်စွေ့နှင့်ရှောင်ဝမ်ကို အိပ်ဖို့ခေါ်လိုက်ကာ အခြားတစ်ဖက်တွင်တော့ ကျန်ယောက်ျားသားများက အိပ်ကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ကုတင်ကအတော်လေးကြီးနေတာ‌ကြောင့် အနာဂတ်တွင် နှစ်ခုပိုင်းထားဖို့အတွက် ကန့်လန့်ကာတစ်ခုကို ချိတ်လို့ရပေသည်။

ဟန်ချင်စုန့် ‘‘....’’

ဒါကတကယ်ဘဲ သူ့ကိုအချိန်တိုင်းနီးပါး သူမဘောင်းဘီခါးပတ်မှာချိတ်ထားချင်နေတဲ့ မိန်းမရောဟုတ်သေးရဲ့လား။

ဒီမိန်းမက လူစားလဲခံထားရတာဖြစ်မယ်။

သူက မီးဖိုကုတင်ရှေ့တွင်ရပ်လိုက်ကာ သူမကသူ့အတွက် သောက်ဖို့ရေတစ်ခွက် ယူလာပေးသည့်အချိန်အထိ ‌ကြည့်နေလိုက်သည်။
‘‘ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေခွဲအိပ်လို့ရဖို့အတွက် အလယ်မှာ ကန့်လန့်ကာခြားလိုက်ရအောင် ’’

လင်းလန်ကပြောလာလေသည်
‘‘ကျွန်မ‌စိတ်မကောင်းပါဘူး၊ ရှင်တော့ ကောင်လေးတွေနဲ့ဘဲအိပ်လိုက်ရတော့မှာဘဲ။ကျွန်မ သူတို့ရဲ့ခြေထောက်တွေကိုဆေးကြောထားပါတယ်၊
ဒါကြောင့်‌စိတ်မပူပါနဲ့ ခြေထောက်နံ့နံမှာမဟုတ်ဘူး’’

အထူးသဖြင့် နေ့တိုင်းနီးပါးရေထဲတွင် ခြေထောက်စိမ်နေကာ ခြေထောက်အနားသားများကယောင်ရမ်းနေသည်အထိဖြစ်နေသော  စန်းဝမ်ဖြစ်သည်။သေချာပေါက် သူ့ခြေထောက်က နံနေတော့မှာမဟုတ်ချေ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now