၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 164 0
                                    

Part 101

" ခယ်မလေး အဖေတို့က ပြောတယ် ဗီဒိုထဲမှာယွမ်ထောင့်နှစ်ရာရှိတယ်တဲ့ အဲ့တာတွေကိုနင်...."

အစ်ကိုကြီးဟန်က ဆက်ပြောရမည်အား ရှက်လာခဲ့သည် ။ လင်းလန်က ဘာမျှမသိနားမလည်သည့်ပုံစံလေးနှင့်ကြည့်ကာ မေးလိုက်သည် ။

" ဟမ်....ဗီဒိုထဲမှာပိုက်ဆံတွေရှိလို့လား... ဘာလို့ကျွန်မမတွေ့ရတာလဲ... ပိုက်ဆံအဲ့လောက်အများကြီးရှိတယ်ဆိုရင် ဘာဖြစ်လို့မိသားစုခွဲထွက်တုန်းက ယွမ်တစ်ရာဘဲပေးရတာလဲ...ယွမ်ထောင်ကျော်ရဲ့တစ်ပုံစာတောင်မရှိဘူး ကျွန်မတို့ကိုအနိုင်ကျင့်ခဲ့တာဘဲ "

ဒုတိယအစ်ကိုဟန်က ထအော်တော့သည် ။

" တတိယမိသားစု နင်တို့တစ်မိသားစုလုံးအရှက်မရှိကြဘူးလား... "

အစ်ကိုကြီးဟန်က ဒုတိယအစ်ကိုဟန်၏ပါးစပ်အား ဆွဲပိတ်ကာ လင်းလန်ကို တောင်းတောင်းပန်ပန်ပြောလိုက်သည် ။

" ဒုတိယညီလေး ပါးစပ်ပိတ်ထားစမ်း! တတိယလေးရဲ့ဇနီး နင်လဲ ငါတို့အမေရဲ့အကျင့်ကိုသိတာပဲမလား "

အဖွားကြီးဟန်က လက်ထဲတွင်ယွမ်ထောင်ချီရှိနေပါစေ တစ်ပြားမှပေးချင်သည့်သူမျိုးမဟုတ်ပေ ။ အဖိုးကြီးဟန် အတင်းပြောဆို၍သာ ယွမ်တစ်ရာကို မိကျောင်းမျက်ရည်ခင်းပြပြီး ထုတ်ပေးခဲ့ခြင်းဖြစ်သည် ။

လင်းလန်ကပြုံးကာပြောလိုက်သည် ။

" ဒါဆိုရင်ဒီလိုလုပ်ကြရအောင် ယွမ်1170 ကိုသုံးခဲ့တဲ့လူနှစ်ယောက်ကို ငွေချေးစာချုပ်ရေးခိုင်းလိုက်လေ။ ဒါဆိုရင် စာချုပ်အရ အဲ့ဒီနှစ်ယောက်ကသာကျွန်မကိုပိုက်ဆံဆပ်ရမှာ အဖွားကြီးဟန်ရဲ့ ပိုက်ဆံကတော့ ကျွန်မမသိသလို ယူလည်းမယူခဲ့ဘူး "

ဘေးမှရပ်ကြည့်နေသည့် ဟန်ရုံဖန်ပင်လျှင် ထိုကလိမ်ကကျစ်မိသားစု၏ အလိမ်အညာများကြားမှ ဟာကွက်တစ်ပုံတစ်ပင်အားတွေ့နေရသည် ။ ဗီဒိုထဲတွင် ယွမ်တစ်ထောင်ကျော်ရှိသည်ဟုဆိုသော်လည်း မည်သူမျှမမြင်ဖူးပေ ။ ထို့ကြောင့် အဖွားကြီးဟန်က ယွမ်တစ်သောင်းရှိသည်ဟုပြောလျှင်တောင် ယုံရမည်ဖြစ်သည် ။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now