၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

2.6K 195 1
                                    

Part 2

ထို့ကြောင့် ဟန်ချင်စုန့်သည် သူ၏အလုပ်ကိုပြောင်းကာ အိမ်သို့ပြန်လာခဲ့ရသည်။ အကယ်၍ သူသာအိမ်ပြန်မလာလျင် သူမ သေချာပေါက်သေသွားမည်ဖြစ်ပြီး ကလေး 5 ယောက်ကိုပါ သူမနှင့်အတူတူ သေရွာသို့ခေါ်သွားပေလိမ့်မည်။

ထိုကိစ္စများကို သူ၏မိခင်ထံမှ ကြားသိခဲ့ရခြင်းဖြစ်ပြီး သဘာဝကျစွာဖြင့် သူမကသဘောမတူပေ။ သူမသားဖြစ်သူ၏အနာဂတ်သည် တောက်ပနေပြီး ဟန်မိသားစုကိုထောက်ပံ့ပေးနေသောကြောင့်ဖြစ်သည်။ တကယ်လို့ သူမသားသာ အိမ်ကိုပြန်လာမည်ဆိုလျင် သူမတို့မိသားစု ကြပ်တည်းသွားနိုင်သည်မဟုတ်ပါလား... ထို့ကြောင့် သူမ ဒီကိစ္စကိုလုံးဝအဖြစ်မခံနိုင်ပေ။

မူလကိုယ်သည် သူမယောကျာ်း၏လစာကို ယောက္ခမဆီမှ တောင်းလေသည်။ တကယ်လို့ လက်မခံလျင် ပိုးသတ်ဆေးသောက်သေကာ သူမယောကျားကိုအိမ်သို့ပြန်လာအောင်လုပ်မည်ဖြစ်သည်။ သူမ၏ဒုတိယသားဖြစ်သူ ဟန်ဝမ်ကျွင်းကို 1605 အဆိပ် ပုလင်းအလွတ်တစ်လုံးကို တိတ်တဆိတ်သွား ကောက်ခိုင်းလိုက်သည်။ သူမပုလင်းထဲသို့ ရေကိုသွန်ထည့်လိုက်ချိန်တွင် မည်သည့်အဆိပ်ရည်ကိုမှ မတွေ့ခဲ့ရပေ။ ထို့နောက် သူတို့အားလုံးကိုခြောက်လှန့်ရန် သောက်လိုက်သည်။

သို့သော် ထို 1605 အဆိပ်သည် အလွန်ပြင်းထန်လိမ့်မည်ဟု သူမ မထင်ခဲ့ပေ။ ပုလင်းထဲတွင်ကျန်ရှိနေသော အဆိပ်အနည်းငယ်ကို ရေနှင့်ရောသောက်လိုက်သလိုဖြစ်သွားပြီး တစ်နှစ်ပတ်လုံးမကျန်းမာနေသည့် သူမ၏ခန္ဓာကိုယ်ကို အလွယ်တကူထိခိုက်ကာ သေဆုံးသည်အထိဖြစ်သွားတော့သည်။

ထိုနည်းလမ်းဖြင့် လင်းလန် ကူးပြောင်းလာခြင်းဖြစ်တော့သည်။

မူလဇာတ်လမ်း ဒီအချိန်တွင် မူလကိုယ်၏အကြံအစည်သည် အမှန်တကယ်အောင်မြင်ခဲ့သည်။

သူမခင်ပွန်း ဟန်ချင်စုန့်သည် ပြဿနာများကြောင့်စိတ်ပျက်ခဲ့ရပြီး အလုပ်အပေါ်စိတ်မဝင်စားနိုင်တော့ပေ။ နောက်ဆုံးတွင် သူသည် စစ်တပ်ထဲတွင်အလုပ်ပြောင်းရန် လျောက်ထားခဲ့ပြီး ရက်အနည်းငယ်အတွင်း အိမ်သို့ပြန်လာခဲ့သည်။

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Donde viven las historias. Descúbrelo ahora