၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.9K 137 1
                                    

PART 127

လုချွမ်းဖန်က ယုဝူဇီ အားကူတွဲထားရင်း နှစ်သိမ့်ပေးနေခဲ့သည် ။ သူမက ပိုက်ဆံသုံး၍ တန်ဖိုးကြီးလက်ဆောင်တချို့ဝယ်ရန်အတွက် ထောက်ပံ့ရေးနှင့်သမဝါယမရုံးသို့သွားကြသည် ။ သူမ၏အစ်ကိုအား တရားသေလွှတ်ပေးရန်အတွက် တော်လှန်ရေးကောင်စီ ညွှန်ကြားရေးမူးနှင့် ပြည်သူ့လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးတို့အား လာဘ်ထိုးရန် ကြံစည်နေခဲ့ကြသည် ။

လုချွမ်းဖန် ကသူမ၏ယောက်ျားအား ဖြတ်လမ်းမှတစ်ဆင့် ကွန်မြူနတီရုံးသို့လိုက်ပို့ခိုင်းခဲ့သည် ။ ထို့နောက်တွင် တော်လှန်ရေးကော်မတီဒါရိုက်တာဆီသို့ သူမအားခေါ်သွားပေးကန် တစ်စုံတစ်ယောက်အားမေးမြန်းအကူအညီတောင်းခဲ့သည် ။

သို့သော်လည်း တော်လှန်ရေးကောင်စီညွှန်ကြားရေးမူးက လက်ခါပြီးငြင်းဆိုခဲ့သည် ။

" ပြည့်သူလုံခြုံရေးဗျူရိုကို သွားရှာကြလေ အဲ့ဒီလိုကိစ္စမျိုးတွေကို သူတို့ဘက်ကတာဝန်ယူထားတာ "

သူမတို့က ပြည့်သူလုံခြုံရေးဗျူရိုညွှန်ကြားရေးမှူးထံ သွားရောက်ခဲ့သော်လည်း ညွှန်ကြားရေးမှူးအဟောင်းမှာ အနားယူသွားပြီဖြစ်ကာ အသစ်ကရုံးမလာသေးကြောင်းသိခဲ့ရသည် ။

လုချွမ်းဖန်က အလောတကြီးမေးလိုက်သည် ။

" ဒါဆိုရင် ညွှန်ကြားရေးမှူးအသစ်က ဘယ်သူလဲဟင်.. သူဘယ်မှာနေတာလဲ "

ထိုလူက အချိန်အတန်ကြာစဥ်းစားပြီးမှပြောလိုက်သည် ။

" အိုး...ငါမှတ်မိပြီ...သူ့နာမည်က ဟန်ချင်စုန့်တဲ့ မင်းတို့နဲ့တစ်ရွာထဲကဘဲလေ "

လုချွမ်းဖန်က မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားနေရသော်လည်း သူမ၏ခင်ပွန်းကမူပျော်ရွှင်နေခဲ့သည် ။

" ဟန်ချင်စုန့်ဆို ပိုပြီးတော့တောင် အဆင်ပြေတာပေါ့ ငါတို့ကတစ်ရွာတည်းသားချင်းတွေဆိုတော့ စကားပြောဆိုရအဆင်ပြေမှာပါ "

လုချွမ်းဖန်က ဒေါသထွက်လွန်း၍ မျက်ရည်များပင်ကျလာခဲ့သည် ။

ဘာလို့ ဒီလိုအသုံးမကျတဲ့ယောက်ျားကို လက်ထပ်မိတာပါလိမ့်!

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Opowieści tętniące życiem. Odkryj je teraz