၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်

1.8K 132 0
                                    

Part 146

" အဟမ်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်နဲ့ရွာအလယ်စာလုံးတွေကိုမှန်အောင်ရေးနိုင်တဲ့လူက နှစ်မဲစာပေးခွင့်ရှိမယ် "

သူမက တဝမ်အားအရင်ဆုံး ရေးခိုင်းသောကြောင့် တဝမ်က မကျေမနပ်စိုက်ကြည့်နေ၍ လင်းလန်ကပြောလိုက်သည် ။

" သားစာမရေးနိုင်ဘူးလား မှန်အောင်ရေးနိုင်တဲ့လူကမဲနှစ်မဲစာပေးခွင့်ရမှာနော် မားမားနဲ့မင်းတို့အဖေကမဲဝင်ပေးမှာမဟုတ်ဘူး ရွေးချယ်ခွင့်ကမင်းတို့ရဲ့လက်ထဲမှာဘဲ "

သူတို့မှန်အောင်ရေးနိုင်မယ်လို့ မယုံပါဘူး!

အားဝမ်ကပြောလိုက်သည် ။

" မားမား သားရေးကြည့်ချင်တယ် "

မိုင်စွေ့သည်လည်း စာရေးရန်စိတ်အားထက်သန်လာသည် ။ ဟန်ချင်ဟွ နှင့်ဟန်ကျင်းရှန်တို့ထံမှ စကားလုံးအနည်းငယ်ကို သင်ယူဖူးသောကြောင့် သူမမှန်အောင်ရေးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည် ။

ကလေးတိုင်းစာရေးရန် အလွန်စိတ်အားထက်သန်လာပြီး ရှောင်ဝမ်က လင်းလန်ကိုဖက်၍ပြောလိုက်သည် ။

" သားသားက မားမားသဘောအတိုင်းဘဲ "

နောက်ဆုံး၌ကလေးများအကုန်ရေးပြီးသွား၍ မိုင်စွေ့နှင့်အားဝမ်တို့ကမှန်ကန်အောင်မရေးနိုင်ကြပေ ။

စန်းဝမ်က တစ်လုံးလေးတောင်မှမရေးနိုင်ခဲ့ဘူး!

အမ်... တဝမ်က မှန်အောင်ရေးနိုင်ခဲ့တယ်ဆိုပေမဲ့လည်း သူ့လက်ရေးကဟန်ချင်စုန့် ထက်တောင်ပိုပြီးရုပ်ဆိုးသေးတယ်!

တဝမ်က စန်းဝမ်ကို မျက်ခုံးပင့်ပြီးကြည့်လိုက်သည် ။

တွေ့လား မင်းအစ်ကိုကြီးက ဘယ်လောက်တောင်တော်လိုက်လဲ!

ထိုသို့ကလေးပိစိလေးများအကြား နှစ်မဲပေးခွင့်အာဏာမှာ သေချာပေါက်ကြီးမားသည် ။

တစ်အိမ်လုံးဘယ်နေရာမှာနေရမလဲ သူဆုံးဖြတ်နိုင်တယ် ဟမ့်!

အားဝမ်က စန်းဝမ်ကို ပြောလိုက်သည် ။

" စန်းဝမ် အစ်ကိုကြီးက ရွာနောက်ဘက်မှာနေချင်တယ် ကျောင်းနဲ့ဝေးတယ်မထင်ဘူးလား...ဆောင်းရာသီမှာ မင်းအိပ်ရာထနောက်ကျမယ်ဆိုရင် ဆရာကမင်းကိုအပြစ်ပေးလိမ့်မယ် ဒါကြောင့်ကျောင်းနဲ့နီးတဲ့ရွာရှေ့ပိုင်းလည်း အရမ်းကောင်းတယ်မထင်ဘူးလား "

၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည်Where stories live. Discover now